ထိုင်းနိုင်ငံတွင် ပြီးခဲ့သောနှစ်များ အတွင်း နိုင်ငံရေးအကြမ်းဖက်မှု များကြောင့် ထိခိုက် ခံစား ခဲ့ရသူ များ အား လျော်ကြေးပေး မှုပထမ အသုတ်အဖြစ် မေ ၂၄ရက်တွင်စ တင်ပေး အပ် မည်ဖြစ်ကြောင်း ထိုင်း ဝန်ကြီးချုပ်ရုံး အတွင်းဝန်သုန်သုန် ချန်ဒရန်ဆုက ပြောကြားလိုက် သည်။ နိုင်ငံရေး အကြမ်းဖက်မှု သားကောင်များအတွက် ဖွဲ့စည်း ထားသည့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် အမှန်တရားကော်မရှင် ( TRC) ဥက္ကဋ္ဌလည်းဖြစ်သူ သုန်သုန်က နိုင်ငံရေးထိခိုက်မှုဒဏ် ခံစားခဲ့ရ သူ ၅၂၂ဦးအား ပထမဆုံးအသုတ် အနေဖြင့် နစ်နာကြေးများ ပေး အပ်သွားမည်ဟု ဆိုသည်။ထိုင်းအစိုးရအဖွဲ့သည် ပြီးခဲ့ သည့်မတ်လက ၂၀ဝ၅ နှင့် ၂၀၁၀ နှစ်များ အတွင်း နိုင်ငံရေး အကြမ်း ဖက်မှု ဒဏ်ခံခဲ့ရသော အပြစ်မဲ့ ပုဂ္ဂိုလ် များအား လျော်ကြေးပေး ရန် TRC အဖွဲ့၏အဆိုကို အတည် ပြုခဲ့ပြီးဖြစ်သည်။ အကြမ်းဖက် ဆန္ဒပြမှုများအတွင်း သေဆုံးသူ (သို့မဟုတ်) မသန်စွမ်းဖြစ်ခဲ့ရသူ များကို တစ်ဦးလျှင် ဘတ်သုံးသန်း (ကန်ဒေါ်လာ ၉၅ç၈၇၀)ပေးအပ် သွားမည်ဟု သိရသည်။ ထိုင်းနိုင်ငံတွင် ၂၀ဝ၆ ခုနှစ် က ဝန်ကြီးချုပ်သက်ဆင်အား ဖြုတ်ချသည့် အာဏာသိမ်းမှုအ ပြီး နိုင်ငံရေးထိပ်တိုက်ရင်ဆိုင်မှု များဖြစ်ပွားခဲ့သည်။ ၂၀ဝ၈ ခုနှစ် တွင် ရှပ်ဝါဆန္ဒပြသူများသည် ဘန်ကောက်နိုင်ငံတကာလေဆိပ် ကို သိမ်းပိုက်ကာ သက်ဆင်လို လားသော အစိုးရကိုပြုတ်ကျစေခဲ့ သည်။ ထို့နောက် ၂၀၁၀ တွင် သက် ဆင်လိုလားသော ရှပ်နီဆန္ဒပြသူ များက ဒီမိုကရက်တစ်ပါတီဦး ဆောင်သောအစိုးရဖျက်သိမ်းရေး ဆန္ဒပြရာမှ နှစ်လတာအတွင်း စစ် တပ်၏ ဖြိုခွင်းမှုများကြောင့် လူ ၉၂ဦး သေဆုံးခဲ့ပြီး ၂çဝ၀ဝ ခန့် ဒဏ်ရာရခဲ့သည်။
www.yoyarlay.com/index.php/international/international-news/asia/26662-2012-05-31-07-30-18
—Ref: Xinhua






Kuala Lumpur Time
0 comments:
Post a Comment