ကျွန်မ အသက် ၁၂ နှစ်မှာ မိဘများနှင့် စင်ကာပူ နိုင်ငံသို့ ပြောင်းရွှေ့ နေထိုင်ပြီးနိုင်ငံခြား ဆိုတာနှင့် စတင် ရင်းနှီးခဲ့သည်။ အသက် ၁၇ နှစ် အရွယ် ကစပြီး ကနေဒါနှင့် အင်္ဂလန် နိုင်ငံ တို့တွင် တစ်ယောက်တည်း ကောလိပ်နှင့် တက္ကသိုလ် ကျွန်မ သွားတက်တော့ နောက်ထပ် နိုင်ငံခြားသို့ ရောက်ခဲ့ပြန်သည်။ နိုင်ငံခြားဆိုသည့်အတိုင်း ကျွန်မရင်ဆိုင်ရတာတွေက အပြောင်းအလဲ အသစ်အဆန်းတွေ ဖြစ်နေခဲ့သည်။ ရောမရောက်ရင် ရောမလိုကျင့်ရမယ် ဟု လူတွေပြောလေ့ရှိကြသည်။
အတိုင်း အတာတစ်ခုအထိ မှန်သည်။ သူများနိုင်ငံ ရောက်မှတော့ ကိုယ်က လူထူးလူဆန်းလို တသီးတခြားဖြစ်နေလျှင် ပတ်ဝန်းကျင် သစ်မှာ နေသားတကျဖြစ်ဖို့ ခဲယဉ်းသည်။ ပတ်ဝန်းကျင်သစ်များက ကျွန်မတို့အတွေး အခေါ်များ၊အနေအထိုင်များအပေါ်အတိုင်း အတာတစ်ခုအထိ လွှမ်းမိုးတာတွေကို သေချာဆန်းစစ်ရမည်။
အဓိကçက ကိုယ့် ပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေအပေါ် စဉ်းစားဆင်ခြင် သုံးသပ်တာလုပ်ပြီး စုံလုံး ကန်း မျောပါမသွားဖို့ပင်။ အင်္ဂလန်နိုင်ငံမှ တချို့တက္ကသိုလ်မှာ စင်ကာပူ၊ မလေးရှားတို့က ကျောင်းသွား တက်ကြသူတွေ များပြားသည်။
အင်ဂျင် နီယာ လိုင်းတွေမှာဆိုရင် ရှစ်ဆယ်ရာခိုင် နှုန်းလောက်က စင်ကာပူ၊ မလေးရှားတို့မှ ကျောင်းသား ကျောင်းသူများ ဖြစ်သည်။ အများစုက သူတို့အသိုင်းအဝိုင်းထဲမှာပဲ နေတတ်ကြသည်။ တခြားနိုင်ငံမှ ကျောင်း သားများ၊ အင်္ဂလန်နိုင်ငံသားကျောင်းသား များနှင့် ပေါင်းသင်းဆက်ဆံ၊ သွားသွား လာလာ မလုပ်ကြ။ ကျွန်မကတော့ အဲလို အခြေအနေကို မနှစ်သက်မိ။
နိုင်ငံရပ်ခြားကို သွားနေဖို့ အခွင့် အလမ်းရတာကို အကျိုးရှိရှိ အသုံးချပြီး တခြားနိုင်ငံသားတွေနှင့် ခင်မင်ရင်းနှီးပြီး သူတို့ အနေအထိုင်၊ အပြုအမူ၊ အတွေး အခေါ်၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို လေ့လာဆန်းစစ်သင့်သည်ဟု မြင်သည်။
ဒါကြောင့်လည်း စင်ကာပူနိုင်ငံရှိ ကျွန်မ စာသင်ခဲ့သော ပေါ်လီတက္ကနစ် (Polytechnic) မှ မြန်မာကျောင်းသားများကို ကိုယ့်မြန်မာကျောင်းသားချင်း စည်းလုံး ညီညွတ်တာသာမက စင်ကာပူနှင့် တခြား နိုင်ငံများမှ ကျောင်းလာတက်ကြသော တခြား ကျောင်းသားများနှင့်ပါ ထိတွေ့ ဆက်ဆံဖို့ အမြဲတိုက်တွန်းမိသည်။
ကျွန်မစာသင်ခဲ့သော Republic Polytechnic (RP) တွင် စာသင်နည်းက လက်ချာ (Lecture) ပေးတာမျိုး မဟုတ်။ Problem-Based Learning (PBL) ဆိုတာကို သုံးပြီး ကျောင်းသားတွေကို နေ့စဉ်ပုစ္ဆာ (သို့) ပြဿနာတစ်ခုကို ချပေး ပြီး အဖွဲ့လိုက်စဉ်းစားတွေးခေါ် အဖြေ ထုတ်တတ်အောင် သင်ကြားပေးသည်။
အဲဒီ သင်ကြားနည်းစနစ်ကနေ ကျောင်း သားတွေကို ကိုယ်ပိုင်လေ့လာသင်ယူတတ် အောင် (Self-learning) ၊ အဖွဲ့လိုက် အလုပ်လုပ်တတ်အောင် (Team Work) ၊ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ တာဝန်ယူ တတ်အောင် (Responsibility) ၊ ကိုယ့် လေ့လာသင်ယူမှုအပေါ် ကိုယ့်ဘာသာ ပြန် လည်ဆန်းစစ်တတ်အောင် (Self-reflection) စတာတွေကို လေ့ကျင့်ပေးသည်။ အဖွဲ့လိုက် တစ်တန်းလုံးကို တင်ပြတာ (Presentation) လည်း လုပ်ရသည်။
အမှတ်ပေးတဲ့အခါ စာမေးပွဲရလဒ်က ငါး ဆယ်ရာခိုင်နှုန်းလောက်သာယူပြီး ကျန် သည့် ငါးဆယ်ရာခိုင်နှုန်းက အတန်းထဲမှာ နေ့စဉ် လေ့လာသင်ယူမှုအတွက်ပေးသော ဂရိတ်တွေ (Grades) ထဲက ယူသည်။ ဒါသင်၊ ဒါကျက်၊ ဒါဖြေ သင်ကြား နည်းစနစ်မျိုးနှင့် အသားကျခဲ့သော မြန်မာ ကျောင်းသားများ ပထမနှစ် PBL သင်ကြား နည်းစနစ်မှာ အခက်အခဲတွေ့ကြတာ များ သည်။ အတွေးအခေါ်ပိုင်းကို ဦးစားပေး သော မေးခွန်းတွေကို မကြုံဖူးတော့၊ မဖြေ နိုင်ကြတာ များသည်။
တချို့က အတန်း ထဲ ဆွေးနွေးချိန်တွေမှာ ဘာမှဝင်မပြော သောကြောင့် နေ့စဉ်လေ့လာသင်ယူမှု အတွက် ဂရိတ်မကောင်းတာတွေ ဖြစ်ကြ တော့ စိတ်ပျက်ကြသည်။ သူတို့လိုပဲ RP မှာ စတက်တုန်းက အခက်အခဲတွေ ကြုံခဲ့ပေမယ့် အောင်မြင် သွားသော မြန်မာကျောင်းသူတစ်ဦး အကြောင်း ကျွန်မပြောလေ့ရှိသည်။ အဲဒီ ကျောင်းသူက သူမ၏ ပထမနှစ်ဝက် စာ သင်ကာလလောက်တွင် ကျွန်မကို လာ တွေ့ပြီး အကြံဥာဏ် တောင်းခဲ့သည်။
အတန်းထဲတွင် သူမနှင့်တစ်ဖွဲ့တည်း အတူ လုပ်ရသော စင်ကာပူနှင့် တခြားနိုင်ငံမှ ကျောင်းသားများက သူမကို အဖက်မလုပ် သလို လုပ်ကြောင်း၊ အတွေးအခေါ် ပိုင်းကို ဦးစားပေးသော သင်ခန်းစာမျိုးကို နား မလည်ကြောင်း၊ အတန်းထဲ ဆွေးနွေးချိန် တွေမှာ ပါဝင်ခြင်း (Participation) နည်း ပါးလို့ အမှတ်မကောင်းတဲ့ အကြောင်း၊ တစ်တန်းလုံးမှာ သူမတစ်ယောက်တည်း မြန်မာဖြစ်နေတော့ တစ်ယောက်တည်း ဖြစ်နေတဲ့အကြောင်း စတာတွေ ငိုပြီးပြော ပြခဲ့သည်။
သူများနိုင်ငံမှာ စာလာသင်ရတာ ဆိုတော့ လူသစ်နေရာသစ်မှာ ဘာမဆို ရင်ဆိုင်နိုင်ဖို့ စိတ်ဓာတ်ခိုင်ခိုင်ထားဖို့ လို ကြောင်း၊ ကိုယ်က အဖွဲ့မှာ သူတို့ထက် အမြဲ တော်နေပြီး အရေးပါတဲ့ပံ့ပိုးမှုကို လုပ်ပြ နိုင်ရင် ကိုယ့်ကိုလျစ်လျူရှုတော့မှာမဟုတ် ကြောင်း၊ ဒါကြောင့် နေ့စဉ်သင်ခန်းစာကို ကြိုတင်ပြင်ဆင်ပြီး ကြိုးစားဖို့ ကျွန်မက အားပေး တိုက်တွန်းခဲ့သည်။ ဒုတိယနှစ် တွင် ကျွန်မသင်သောအတန်းမှာ သူမနှင့် ပြန်ဆုံတော့ သူမတစ်ယောက်တည်းသာ မြန်မာ၊ ကျန်သော ကျောင်းသားများက စင်ကာပူနိုင်ငံသားများ ဖြစ်သည်။ အတန်း ထဲမှာ သူမက စာအတော်ဆုံးဖြစ်ပြီး သူမ ကို သူတို့ စာမေးကြတိုင်းလည်း သူမက သေချာရှင်းပြသည်။
သင်ခန်းစာကို ဆွေး နွေးသောအခါတိုင်းလည်း ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုအပြည့်နှင့် သူမ ပါဝင် ဆွေးနွေးသည်။ ဒါကြောင့် အကုန်လုံးက သူမကိုလေးစားပြီး သူတို့နှင့်တစ်ဖွဲ့တည်း ဖြစ်စေချင်ကြသည်။ မြန်မာကျောင်းသူ တစ်ယောက် အဲဒီလို တိုးတက်အောင်မြင် တာကိုကြည့်ပြီး ကျွန်မဂုဏ်ယူဝမ်းသာမိ သည်။ မိဘနှင့် အတူရှိစဉ် မိဘက အကုန် လိုက်လုပ်ပေးနိုင်ပေမယ့် နိုင်ငံခြား ရောက် သောအခါ တစ်ယောက်တည်း ရုန်းကန် ကြရသည်။
နိုင်ငံခြားထွက်လာပြီးမှ ကိုယ့် အသိုင်းဝိုင်းမှာ မြန်မာမရှိဟုဆိုပြီး အား ငယ်တာမျိုး မဖြစ်သင့်ပေ။ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်ဖို့၊ ကိုယ့်ကိုယ်ကိုယ် အား ကိုးသောစိတ်၊ ကိုယ့်လုပ်ရပ်အပေါ် တာဝန် ယူတတ်သောစိတ်၊ ကိုယ့်ကို အထင်သေး ချင်သူတွေကို ကိုယ့်အရည်အချင်း သိ အောင် ကြိုးစားမယ်ဆိုသောစိတ်တို့ ရှိဖို့ လိုအပ်သည်။ မြန်မာနိုင်ငံမှ ပညာရေးဝန်ဆောင်မှု လုပ်နေသူတစ်ဦးက ပြောဖူးသည်။
“ကျွန် တော့်ဆီလာတဲ့ မြန်မာလူငယ်တွေက နိုင်ငံ ခြားမှာ ကျောင်းတက်ချင်တာလောက်ပဲ သိကြတယ်။ တက္ကသိုလ်တွေ၊ သင်တန်း တွေ အကြောင်း Seminar လိုမျိုးတွေနဲ့ အင်ဖော်မေးရှင်း (Information) ပေးတော့ လည်း နားမထောင်ချင်ကြဘူး။ သူတို့ နိုင်ငံခြားမှာ ကျောင်းတက်ဖို့ အကောင်းဆုံး ဖြစ်အောင် ကျွန်တော်က လုပ်ပေးနိုင်မယ် လို့ ယုံကြည်တယ်။ ဒီတော့ အဲလှို Seminar တွေ နားထောင်နေစရာ မလိုဘူးလို့ ပြောကြတယ်” မြန်မာနိုင်ငံမှာ ဝန်ဆောင်မှုလုပ်ပေး သည့်စနစ်က များပြားလှသည်။
လုပ်ထုံး လုပ်နည်း သတ်သတ်မှတ်မှတ် စနစ်တကျ မရှိသော နေရာများတွင် ထိုဝန်ဆောင်သူ တို့ကို ပိုက်ဆံပေးလိုက်လျှင် ကိုယ့်အတွက် အလုပ်မရှုပ်တော့။ သို့သော် နိုင်ငံခြားမှာ ပညာသင်ဖို့အတွက်၊ ကိုယ်တက်မည့် လိုင်း၊ ကိုယ်တက်မည့်ကျောင်းအကြောင်း တို့ကိုတောင် မလေ့လာချင်တာမျိုးကတော့ မဖြစ်သင့်ပေ။
ပညာရေးဝန်ဆောင်မှု လုပ်နေသူက တကယ်စိတ်ထားမှန်နှင့် လုပ်ပေးခဲ့သည် ဆိုရင်တောင်၊ ဘယ်လိုင်းက အသင့်တော် ဆုံးလဲဆိုတာ ကာယကံရှင်လောက် မသိ နိုင်။ တချို့ဆို စိတ်ထားမမှန်၊ ရတဲ့လိုင်းကို ပိုက်ဆံရပြီးရောဆိုပြီး ကျောင်းသားကို ဖြစ်သလို သွင်းပေးလိုက်တာတွေလည်း ရှိသည်။
ဒါကြောင့် ပညာရေး Seminar တွေ ကို လိုက်နားထောင်ပြီး ကိုယ်က ဘယ် လိုင်းမျိုးကို စိတ်ဝင်စားလဲဆိုတာ ကိုယ့် ဘာသာ ဆန်းစစ်သင့်သည်။ နိုင်ငံခြားမှာ ကျောင်းတိုင်း မကောင်းကြ။ တချို့က နိုင်ငံခြားကျောင်းသားတွေအတွက် စီးပွား ဖြစ်သာ ဖွင့်ထားတာဖြစ်သည်။
ဒါကြောင့် အင်တာနက်မှဖြစ်ဖြစ်၊ အဲဒီနိုင်ငံမှာ ကျောင်း တက်နေသော ကိုယ့်အသိအကျွမ်းများမှ တစ်ဆင့်ဖြစ်ဖြစ် ကိုယ်တက်မည့်ကျောင်း နှင့် လိုင်းအကြောင်းတို့ကို ထပ်မံရှာဖွေ လေ့လာသင့်သည်။ မြန်မာလူငယ်အများစုက ကျောင်း တက်ဖို့၊ အလုပ်ရှာဖို့ စတာတွေကြောင့် နိုင်ငံခြား သွားချင်ကြသည်။ ဘယ်လို အကြောင်းကြောင့်ပဲဖြစ်စေ နိုင်ငံခြားသွား မည်ဆိုလျှင် ကြိုတင်ပြင်ဆင်တာတွေ ရှိရ မည်။
နိုင်ငံခြားသွားသောအခါ ဘာတွေ လိုအပ်လဲဆိုတာလည်း ကြိုတင်လေ့လာ ထားသင့်သည်။ ဥပမာ .. ကျောင်းတက် တာပဲဖြစ်ဖြစ်၊ အလုပ်လုပ်တာပဲဖြစ်ဖြစ် အင်္ဂလိပ်စာ ကောင်းဖို့ လိုအပ်သည်။ အလုပ် လုပ်သူတွေအတွက် အဓိကçက စကား ပြောနှင့် သူများပြောတာ ဘယ်လောက် နားလည်လဲ၊ကျောင်းတက်သူတွေအတွက် စကားပြော၊ နားထောင်ခြင်း၊ အရေး၊ အဖတ်တို့ဖြစ်သည်။ ဘာမှကြိုတင်ပြင်ဆင် မှု မရှိဘဲ သူများတွေသွားလို့ နိုင်ငံခြားကို သွားတယ်ဆိုတဲ့ လူမျိုးတွေအတွက် နိုင်ငံ ခြားမှာ အခက်အခဲတွေ ပိုကြုံရသည်။ ကိုယ်က လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်သွား လျှင် နိုင်ငံခြားအတွေ့အကြုံကနေ မြန်မြန် ဆန်ဆန် လေ့လာသင်ယူပြီး ပိုတိုးတက် နိုင်သည်။ နိုင်ငံခြားမှာ ကျောင်းတက်ကြသော ကျောင်းသား အများစုက ကျောင်းတက် ရင်း အချိန်ပိုင်းအလုပ်လုပ်ကြသည်။
တချို့ က တကယ်ပဲ မိဘကို ငွေကြေးပိုင်းမှာ ကိုယ်တတ်နိုင်သလောက် ကူညီချင်သော ကြောင့်၊ တချို့ကတော့ ကိုယ်သုံးချင်တာ သုံးဖို့ ဖြစ်သည်။ ကျောင်းချိန်တွေပျက်၊ အလုပ်က ပင်ပန်း သောကြောင့် အတန်းထဲ မှာ စာမလိုက်နိုင်သော ကျောင်းသားများ နှင့် ကျွန်မ ဆုံရတိုင်း၊ သူတို့ နိုင်ငံခြား လာရသော အဓိကရည်ရွယ်ချက်မပျောက် ဖို့ အရေးကြီးကြောင်း သတိပေးမိသည်။
ကိုယ်က ပညာယူဖို့ဆိုလျှင် ပညာကို ထိပ် တန်းက အမှတ်ကောင်းကောင်းနှင့်ရဖို့ အဓိကဖြစ်သည်။ ပြတ်သားသော ရည်မှန်း ချက်ထားပြီး ထိုရည်မှန်းချက်ကို အမြဲ ဆုပ်ကိုင်ထားဖို့ လိုအပ်သည်။ နိုင်ငံခြားသွားတယ် ဆိုတာလည်း အရေးပါသော ဘဝအတွေ့အကြုံတစ်ခု ပင် ဖြစ်သည်။
အဲဒီ အတွေ့အကြုံကနေ ဘယ်လောက် လေ့လာသင်ယူနိုင်မလဲ၊ ဘယ်လိုအကျိုးရှိရှိ အသုံးချမလဲဆိုတာ ကျွန်မတို့အပေါ်မှာပင် မူတည်သည်။ စိတ် ဓာတ်ပိုင်း ဆိုင်ရာ ရော၊ နည်းပညာအရရော လိုအပ်တာတွေ သေချာပြင်ဆင်ပြီး နိုင်ငံ ခြားသွားမှ ကိုယ့်ဘဝတက်လမ်းကို တွန်း ပို့ပေးစေနိုင်သော အတွေ့အကြုံကောင်း တစ်ခု ဖြစ်လာနိုင်ပေမည်။
www.yoyarlay.com
0 comments:
Post a Comment