ပြင်သစ်မှ သိပ္ပံ ပညာရှင် များဟာ ပုံမှန် ကိုယ်အလေး ချိန်ရှိသူ၊ ကိုယ် အလေးချိန်များ သူနှင့် အဝလွန်သူ အမျိုးသားများ၏ သုက်ပိုးများကို သုတေသနပြုခဲ့သော လေ့လာမှု ၁၄ ခုကို ပေါင်းစပ်ပြီး ကောက်ချက်ချခဲ့ပါ တယ်။ အဲဒါကတော့ သုက်ပိုးရဲ့ အကောင်ရေနှင့် အရည်အသွေး (လှုပ်ရှားမှု၊ ပုံသဏ္ဌာန်၊ သုက်ပိုး၏ DNA အရည်အသွေး စသဖြင့်) ဟာ အဝလွန်သူတွေမှာ ကိုယ်အလေးချိန် ပုံမှန်ရှိသူတွေထက် လျော့ပါးကြောင်း သိရပါတယ်။ ဒါပေမယ့် အချို့ အမျိုးသားတွေ အဝလွန်ရခြင်းရဲ့ နောက်ကွယ်မှာ အခြား ကျန်းမာရေး ပြဿနာတွေ ရှိနေတတ်ပါတယ်။ ဒါကြောင့် အဝလွန်တဲ့ အမျိုးသမီးတွေ ကိုယ်အလေးချိန်ချရင် မျိုးပွားနိုင်စွမ်း မြင့်မားလာပေမယ့်အချို့အမျိုးသားတွေ မှာတော့သေချာပေါက်မပြောနိုင်ကြောင်း သိရပါတယ်။ www.yoyarlay.com






Kuala Lumpur Time
0 comments:
Post a Comment