လာမည့်နှစ် အနည်းငယ် အတွင်း အဆင့်မြင့်နည်း ပညာများ ပံ့ပိုးထားသည့် ဇိမ်ခံ သင်္ဘော အမျိုးအစား Titanic II ကို မြင်တွေ့ရဖွယ် ရှိနေကြောင်း သိရပြီး ၄င်း သင်္ဘောအား အကုန်အကျခံ တည်ဆောက်မည့် ပုဂ္ဂိုလ် မှာ ဩစတြေးလျ ဘီလျံနာ တစ်ဦးဖြစ်သည့် Palmer ဖြစ်ကြောင်းသိရသည်။ဩစတြေးလျနိုင်ငံတွင် ထိပ်တန်း လူချမ်းသာများ စာရင်း၌ တစ်ဦး အပါအဝင် ဖြစ်သည့် Palmer သည် ဇိမ်ခံသင်္ဘောများ တည်ဆောက်ခြင်း တွင် ဝါသနာထုံသူ တစ်ဦးဖြစ်ပြီး ၁၉၁၂ ခုနှစ် ဧပြီ ၁၅ ရက်တွင် အတ္တလန္တိတ် သမုဒ္ဒရာ အတွင်း နစ်မြုပ်ခဲ့သည့်တိုက်တန်း နစ်သင်္ဘောအား အမှတ်ရစေရန် ယခုကဲ့သို့ တည် ဆောက်ရန် စဉ်းစားမိခဲ့ခြင်း ဖြစ်သည်။
ပဏာမခန့်မှန်းမှု တွင် ဒေါ်လာ ငါးဘီလျံခန့် အသုံးချ၍ တည်ဆောက် သွားမည်ဖြစ်ပြီး ၂၁ ရာစုအမြင့်မားဆုံး နည်းပညာများ ကို ထည့်သွင်း သွားမည်ဟု သိရသည်။
ထို့ပြင် သင်္ဘောပေါ်၌ အဆင့်မြင့် ကွန်ရက် ဝန်ဆောင်မှု များ၊ အားကစား ရုံများ၊ ရေကူးကန်များ၊ စာကြည့်တိုက် များနှင့် စားသောက်ဆိုင်များ ပါဝင်မည် ဖြစ်သည်။
ကံကြမ္မာမ ကောင်းခဲ့သည့် တိုက်တန်းနစ် သင်္ဘောအား နိုင်ငံ တ ကာတွင် ဝိုင်းဝန်း စာနာ ကရုဏာ သက်မှုများ ပြုလုပ်ခဲ့ သော်လည်း ရှေးရိုးစွဲသည့် ပုဂ္ဂိုလ်များက မကောင်း သည့် ကံကြမ္မာများကို ယူဆောင်လာနိုင်သည်ဟု ယူဆကြသောကြောင့် တိုက်တန်းနစ် သင်္ဘောများကို ဆက်လက်တည်ဆောက်ခဲ့ခြင်းမရှိပေ။
www.yoyarlay.com






Kuala Lumpur Time
0 comments:
Post a Comment