လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက ၀န်ကြီး ရာထူး တနေရာ ဖန်တီးပေးမှာလား?
ဖန်တီးပေးမယ် ဆိုတဲ့ သတင်းတော့ မကြားရသေးပါဘူး။
အခု ကြားရတဲ့ သတင်းတခုက မကြာခင်အနာဂတ်မှာ ဒေါ်အောင်ဆန်းစုကြည် NLD ဥက္ကဋ္ဌ တာဝန် မယူတော့ဘူး ဆိုတာပါပဲ။ NLD ကနေ နုတ်ထွက်ခြင်း မဟုတ်၊ တာဝန်ကြီးကြီး မယူတော့တာကို ဆိုလိုပါတယ် တဲ့။
ဒါကြောင့် အစိုးရက ၀န်ကြီး ရာထူး တနေရာ ဖန်တီးနေတာလားလို့ စဉ်းစားမိတာပါ။
အခြေခံဥပဒေပုဒ်မ ၂၃၂ (ဋ) မှာ - ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံရေး ပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ လို့ ဆိုထားပါတယ်။
တကယ်ပဲ တာဝန်ကြီးကြီး မယူတော့ဘူး ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါက ကျသွားမယ် မဟုတ်ပါဘူး။ အများကလည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီကို တွဲပြီး မြင်နေကြဦးမယ် ဖြစ်ပါတယ်။
လောလောဆယ်တော့ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ကို ဒီမနက် ရောက်ရှိနေပါပြီ။ ကျမ်းကျိန်ပြီးရင် ဒီနေ့မှာပဲ ရန်ကုန်ပြန်မယ်လို့ သိရပါတယ်။
www.irrawaddyblog.com/2012/05/blog-post_8918.html






Kuala Lumpur Time
0 comments:
Post a Comment