http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

4 May 2012

ဘင် လာဒင် ၏ မှတ် တမ်း များ တွင် အိုဘားမား ကို သတ် ရန် စီစဉ် ခဲ့

 
Osama bin Laden deathယမန် နှစ် မေလ က အယ်(လ)ကာယီးဒါး အကြမ်းဖက် အဖွဲ့  ခေါင်းဆောင် အိုစမာ ဘင်လာဒင်
ကို အမေရိကန် က သုတ် သင် ပြီး နောက် သိမ်းယူရရှိတဲ့ မှတ်တမ်း Read in Full Here (The
Osmabin Laden Document)
များ ကို West Point စစ်တက္ကသိုလ် တွင် ရှိသည့် စစ်ဘက်ရေး
ရာ အကယ်ဒမီ ၏ Combating Terrorism Center မှ ၎င်း တို့  ၏ အင်တာနက် စာမျက် နှာ
တွင် Letters From Abbotabad အမည် ဖြင့် ယနေ့  ထုတ်ပြန် လိုက်သည်။
စာမျက် နှာ ၁၇၅ စာမျက် နှာ ပါရှိ ပြီး စုစု ပေါင်း ပေးစာ ၁၇ စောင်မှာ ဘင်လာဒင် ကိုယ်တိုင် အာရဗီ
ဘာသာစကားဖြင့် ရေးသား ထား ခြင်း ဖြစ်ပြီး အယ်(လ)ကာယီးဒါး အကြမ်းဖက် အဖွဲ့ ၏ ဒုတိယ
ခေါင်းဆောင် အီမန် အယ်(လ)ဇာဝါဟာရီ နှင့် အတွင်းစည်း အဖွဲ့  ၀င် အချို့   ကို  ပေး ပို့ ထား သည့်
စာများ ဖြစ်သည်။
၂၀၁၀ ခုနှစ် ဒီဇင် ဘာလ လောက် အတွင်း က ဘင်လာဒင် မှ အီမန် အယ်(လ)ဇာဝါဟာရီ ကိုပေး
ပို့ ခဲ့ သည့် ပေး စာ တွင် အခြားထင်ရှား သည့် အကြမ်းဖက် သမား များ က အယ်(လ)ကာယီးဒါး  နာ
မည်ဖြင့် ရံပုံငွေ ကောက်ခံ ပြီး သုံးဖြုံး နေသည် ကို သူ သိရှိ ကြောင်း နှင့် မနှစ် မြို့  ကြောင်း ဖော်
ပြထားသည်။
၂၀၁၁ ခုနှစ် ဧပြီ လ အတွင်း က ဟု ခန့် မှန်းရသည့်  သူမသေခင် နောက်ဆုံးရေးခဲ့ သည့် စာ တွင်
နာမည်ဝှက် ဖြင့် အသုံး ပြုနေသော  အခြား အယ်(လ)ကာယီးဒါး ပြန် ကြား ရေး တာဝန် ရှိ သူ
တစ်ဦး ကို ပေးစာ တွင် တူနီးရှား ၊လစ် ဗျား ၊ အီဂျစ် နှင့် ယီမင် နိုင်ငံ များ တွင် အာဏာ အလွဲသုံးစား
လုပ်သည့် မင်းဆိုးမင်းညစ် များ ကို ပြည်သူများ က အုံကြွ တော်လှန် နေခြင်း ကို သူ ထောက်ခံ
အားပေး ကြောင်း နှင့် အာရပ် အယ် (လ)ကာယီးဒါများ လည်း ပါဝင် ကူညီရန် သူ က တိုက်
တွန်းထား သည်။
အမေရိကန် နိုင်ငံ ကို ကြီးကြီး မားမား ထပ်မံ တိုက်ခိုက်မှု မျိုး ပြု လုပ်ရန် ထပ်မံ စီစဉ် ထား မှု နှင့်
အမေရိကန် သမ္မတ ဘာရက် အိုဘားမား နှင့် ယခု စီအိုင်အေ ညွှန် ကြားရေး မှုး ဗိုလ်ချုပ် ဒေးဗစ်
ပီထရောစ် တို့  ကို လုပ်ကြံရန် စီစဉ် ထား မှု လည်း ပါရှိသည်။
အယ်(လ)ကာယီးဒါး နာမည် အောက်ရှိ အခြား စစ်သွေးကြွ အဖွဲ့  များ များ ပြား လာသော် လည်း လုပ်
နည်း လုပ်ဟန် နှင့် ဗျူဟာ ကို သူ မကြိုက် ကြောင်း ပေးစာ တစ်ခု တွင် ပြောကြာ ထား ပြီး ၊ ပါကစ္စတန်
နယ်စပ် မှ ထိပ်တန်း အကြမ်းဖက် ခေါင်းဆောင် တစ်ဦး က ဘင်လာဒင် ဆီပေး ပို့  သည့် စာ တွင် အာရပ်
ကျွန်းဆွယ် ရှိ ထင်ရှား လာသည့် အကြမ်းဖက် အဖွဲ့  များ က ဘင်လာဒင် ကို ကဏ္ဍကောစ လုပ် ပြီး
နိုင်ငံ တကာ မျက်နှာ စာ တွင် ပထုတ် ထား လို ပုံ ရသည် ဟု ဖော်ပြ ထားသည်။
ဘင်လာဒင် ၏ ပေးစာ များ တွင် သူ ၏ အမေရိကန် တစ် နိုင်ငံ တည်း ကို အာရုံထား ပြီး ဦးတည် တိုက်
ခိုက်ချင် ပုံ ကို လည်း   “  ဗြိတိသျှ ကို တိုက်ခိုက် ဖို့  ကိုယ် တို့  မှာ အခွင့် အရေး ရှိ တယ် ဆို ရင် တောင်
ငါတို့  ရဲ့  အား ထုတ်မှု ကို အကြောင်း မဲ့ သက် သက် ဖြုန်းတီး ပစ်ဖို့  မလို လားဘူး ၊ ဒါပေမယ့် အမေရိ
ကန် ကို အောင်နိုင်ဖို့  အာရုံပြု ပါ ၊ ဒါက တခြား ဟာ တွေ ကို ပါ အနိုင်ယူပြီး သား ဖြစ်လိမ့် မယ် ဟု
“Even though we have the chance to attack the British,
we should not waste our effort to do so but concentrate
on defeating America, which will lead to defeating the
others,” one letter said.
သူ၏  ပေးစာ တွင် ဖော်ပြထားသည်။
အီဂျစ် မှ နေ ပြီး သူ့ ထံ ပေး ပို့  သည့် စာ တွင် ထပ်မံ တိုက်ခိုက်မှုများ အတွက် ငွေကြေး လိုအပ်သည်
ဟု ဖော်ပြထား သည်။
အဆိုပါ ပေးစာ / ပြန်စာ များ နှင့် မှတ်တမ်းများ အား မေလ ၁ ရက် က နေ့  က အမေရိကန် NAVY SEAL
အထူး တိုက် ခိုက် ရေး အဖွဲ့  က ပါကစ္စတန် နိုင်ငံ အဘော်ဒါဘက် မြို့  ရှိ ဘင်လာဒင် ပုန်း ခို ရာ နေရာ ကို
ဝင် ရောက် စီးနင်း သတ်ဖြတ် ပြီး နောက် ကွန်ပျုတာ နှင့် အခြား မှတ် တမ်းများ မှ ရရှိ ခဲ့ ခြင်း ဖြစ်သည်။
အချို့ မှတ်တမ်းများ မှာ ကွန်ပျူ တာတွင် ဖျက်ဆီးထား ပြီး ဖြစ်သော်လည်း အမေရိကန် စစ်တက္ကသိုလ် ကွန်
ပျုတာဌာန က ပြန်လည် ရှိ ရန် စွမ်းဆောင် ခဲ့ သည်။
ဘင်လာဒင် က သူ ၏ ပေးစာ များ တွင် ယဉ်ကျေး ရည်မွန် ပြီး လုပ်ဖော် ကိုင်ဖက် များ ကို လေးစား သည့်
အသုံး အနှုံး ဖြင့် သုံး နှုန်းထား သည် ဟု NBC သတင်း တွင် ဖော်ပြထားသည်။ ပေးစာ တိုင်း ၏ အစ နှင့်
အဆုံး တွင် လည်း စာလက် ခံ မည့် ကာယကံ ရှင် ကို ဘုရား သခင် ကောင်းချီးပေး ရန် ၊ ကျန်းမာစေရန်
ဆု တောင်း ပေး ထား ပြီး မိသား စု နှင့် ကလေး များ ရှိသည့် သူ ၏ အတွင်း စည်းများ ကို သာ ကြောင်း ၊
မာကြောင်း မေးမြန်းထား သည်။
သူ ၏ အတွင်း စည်း လည်း ဖြစ် အယ်(လ)ကာယီးဒါး အဖွဲ့  ၏ ပြော ခွင့် ရသူ ၊ အကြံပေး  နှင့် ယဉ်ကျေးမှု ရေးရာ
တာဝန်ခံ အမေရိကန် နိုင်ငံ သား Adam Yahiye Gadahn က ဘင်လာဒင် ကို အကြံပေး ရာ တွင် မီဒီယာ
သည် ပိုမို ထိရောက် မှု ရှိ ပြီး သူ ၏ သဘောသဘာ ၀ ကို နားလည် ရန် နှင့် အကောင်းဆုံး အသုံးချ ရန် အကြံပေး
ခဲ့ သည်။
ဘင်လာဒင် သည် သူ ၏ တပ်မှုး ဖြစ်သူ လစ်ဗျား မှ ကဗျာ ဆရာ စာရေး ဆရာ နှင့် အယ်(လ)ကာယီဒါး ၀ါဒဖြန့် 
ချိရေး ဌာန မှုးကြီး Abu Yahya al-Libi ကိုလည်း မီဒီယာ သတင်း ထုတ် ပြန် မှု များ အတွက် စာအဆက် အ
သွယ် လုပ်ခဲ့ သည်။
ဘင်လာဒင် ၏ ခြံဝန်း ထဲ မှာ သိမ်းရှိ ရ မိသည့် မှတ်တမ်း များ တွင် ယခင် က ကမ္ဘာ မသိသေး သည့် အကြမ်းဖက်
ကျွမ်းကျင် သူ များ မှာ လည်း အယ်(လ) ကာယီးဒါး ၏ အဖွဲ့ ၀င်များ ဖြစ်နေ ပြီး ဆော်ဒီ တက္ကသိုလ် များမှ ပညာ
ရှင် အချို မှာ ယခင် အယ်(လ)ကာယီးဒါး အဖွဲ့  ၀င်များ နှင့် လိုလား သူ များ ဖြစ်နေသည်။
ဆော်ဒီနိုင်ငံ ဖွား နိုင်ငံ တကာ အကြမ်းဖက် ခေါင်းဆောင် အိုစမာဘင်လာဒင် ပုန်းခို နေ ထိုင်ခဲ့ သည့် အိမ်
 
 freedomnewsgroup.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif