http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

7 May 2012

Pilot ဖြစ်ချင်ခဲ့ တာ ပါ ဆိုတဲ့ ဖွေးဖွေး

ဖြစ်ချင်ခဲ့တာ ပေမမီ ဒေါက်မမီနဲ့ ဘယ်လိုမှဖြစ်လာမှာ မဟုတ်ဘူး ဆိုပြီး စိတ်လျှော့ ခဲ့တာ ဖွေးဖွေးလူ တိုင်း လူ တိုင်း မှာ ဆယ် ကျော် သက် ဘဝက ဖြစ်ချင် ခဲ့တဲ့ စိတ်ကူးတွေ၊ မျှော်လင့်ချက် တွေ ရှိခဲ့ကြမယ် ထင်ပါတယ်။ တချို့လည်း ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူးအတိုင်း ဖြစ်ခဲ့တာ ရှိသလို၊ တချို့လည်း စိတ်ကူးနဲ့ ထပ်တူ မကျတဲ့ လက်တွေ့ ဘဝကို ရောက်နေကြရတာ တွေရှိ ပါတယ်။ ဆယ်ကျော်သက် အရွယ် တုန်းက ဖြစ်ချင်ခဲ့တာ ဘယ်လို.. ဆိုပြီး ပရိသတ် စိတ်ဝင် စားမယ့် အနုပညာရှင်များရဲ့ဆယ်ကျော် သက်ဘဝကစိတ်ကူးတွေအကြောင်း ကို တင်ဆက်ပေးလိုက်ပါတယ်။ှ
ဖွေးဖွေး ဆယ်ကျော်သက် အရွယ်က ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးယဉ် အိပ်မက် က ဘာလဲ။
စိတ်ကူး ယဉ်ဖူးတာက Pilot ဖြစ်ချင်ခဲ့တာ။ ဒါပေမဲ့ ပေမမီ၊ ဒေါက်မမီနဲ့ ဘယ်လိုမှ ဖြစ်မှာမ ဟုတ်ဘူး ဆိုပြီး စိတ်လျှော့ခဲ့တာ။ လေယာဉ် မောင်းချင် ခဲ့တာပေါ့။
အနုပညာ အလုပ်ကို ဘာ လို့ လုပ်ဖြစ်ခဲ့တာလဲ။
မျှော်လင့်ချက်နဲ့ ထိပ်ဆုံး ရောက်ရမယ်လို့ မရှိဘူး။ လောဘ လည်းမရှိဘူး။ ဒီအနုပညာ အလုပ် လေးတွေ လမ်းကြောင်းပေါ်မှာ ပုံမှန် လုပ်သွား နေရတာကို ပျော် တယ်။ နောက်ပြီး အဆိုတော်လည်း ဖြစ်ချင်တာပေါ့နော်။ အဆိုတော်က အရင်ဖြစ်ချင်တာ။ ဒါပေမဲ့ သရုပ် ဆောင်လိုင်းကို ပိုပြီးတော့ လုပ်ဖြစ် ခဲ့တာပေါ့။
ဆယ်ကျော်သက်အရွယ် က မိဘတွေထိန်းချုပ်တာခံခဲ့ရ လား။
ငယ်ငယ်ကတော့ လူတိုင်း က မိဘထိန်းချုပ်တာ ခံရတာပါပဲ။ အရမ်းတင်းတင်းကျပ်ကျပ်ထိန်းချုပ် ခံခဲ့ရတယ်။ အဲဒီတုန်းက သူများ တွေ ပျော်ရင် ကိုယ်လည်း ပျော်ချင် တာပေါ့။ သူငယ်ချင်းတွေ မွေးနေ့ ဖိတ်တိုင်းလည်း သွားချင်ခဲ့တာပေါ့။ ကလေးဆိုတော့ ကစားကွင်းလည်း သွားချင်တယ်။ ဆယ်ခါမှာနှစ်ခါ လောက်ပဲ သွားရတယ်။ အဖေက အရမ်းစည်းကမ်းကြီးတယ်လေ။ အဲဒီတုန်းက တော်တော်ဝမ်းနည်းခဲ့ ဖူးတယ်။
ဖြစ်ချင်တာတွေစွန့်လွှတ်ခဲ့ ရတာရှိလား။
ဆယ်ကျော်သက်မှာ ရည်ရွယ်ချက် ကြီးကြီး မားမားတော့ မရှိဘူး။ အဆိုတော် ဖြစ်ချင်တယ်။ သီချင်း ဆိုချင်တယ်။ သူငယ်ချင်းတွေ နဲ့ Band လုပ်ခဲ့ဖူးတယ်။ ကြီးကြီး မားမားတော့ မဖြစ်ခဲ့ဘူး။
မိဘထိန်းချုပ်ခံရတဲ့ သူ တွေကို ဘာပြောချင်လဲ။
မိဘတွေနဲ့ ညှိယူပါလို့ ကိုယ့်နေရာကနေ မိဘကို ရဲရဲဝံ့ဝံ့ ပြောပြရန်ဖြစ်တဲ့ ပုံမဟုတ်ဘဲ ကိုယ် ခံစားနေရတာတွေကို ကိုယ်ပဲ ဝမ်း နည်းရတာပေါ့။ ခုဒီအရွယ်ရောက် လာတော့ ပြောပြတယ်။ ကိုယ်ဘယ် လို နေချင်တယ်။ ဘယ်လိုသွားချင် တယ်။ လာချင်တယ်။ အဲဒီလိုမျိုး ညှိလို့ရပါတယ်။
ဖြစ်ချင်တာဖြစ်အောင် လုပ်ဖို့ ဘယ်လိုအကြံပေးချင်လဲ။
တကယ်သာ ဖြစ်ချင်တယ် ဆိုရင် ရှာတွေ့မှာပဲ။ လွတ်လွတ် လပ်လပ်နေရတဲ့ သူအဖို့တော့ ပိုပြီး ဖြစ်ချင်တာကို အားထုတ်ရမယ် အားမလျှော့ပါနဲ့လို့ ပြောချင်ပါ တယ်။
ထိန်းချုပ်တဲ့ မိဘတွေကို ရော ဘယ်လို အကြံပေးချင်လဲ။
နှစ်ဖက်စလုံးက မမှားပါဘူး။ အဓိကကတော့ တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ချစ်တာလည်း သူ့ကို ပြရမယ်။ သူချစ်တာလည်း ကိုယ့်ကို ပြရမယ်။ မိဘနဲ့ သားသမီး ကြားမှာ ပွင့်ပွင့်လင်းလင်း ပြဖို့လို တယ်။  
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif