http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
3 Jun 2012
ထိုင်းအာ ဏာ ပိုင် တွေ က ဒုက္ခ သည် စ ခန်း မှာ ဒေါ်ေ အာင် ဆန်း စု ကြည် ကို စ ကား ပြော ခွင့် မပေး
599121_3798840402495_924477086_nမြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ထိုင်း – မြန်မာ နယ် စပ် က  အကြီး
ဆုံး ဒုက္ခသည် စခန်း တစ်ခု ဖြစ်တဲ့ ထိုင်း နိုင်ငံ တခ် ခရိုင် ထဲ မှာ ရှိတဲ့ မဲလ ဒုက္ခသည် စခန်း ကို
သွား ရောက်ခဲ့ ပါတယ်။
မဲဆောက် မြို့  မြောက် ဘက် မိုင် ၄၀ ခန့်  အကွာ မှာ ရှိတဲ့ မဲလ ဒုက္ခသည် စခန်း ဟာ  မြန်မာ အစိုးရ
ဒီမှာ ဒုက္ခသည် တွေ နဲ့  ရင်းရင်း နှီးနှီး တွေ့  ဆုံ ခဲ့ ပါတယ်။
ထိုင်း နိုင်ငံ ဘန်ကောက် မြို့  မှာ ကျင်း ပ နေတဲ့ ကမ္ဘာ့  စီးပွားရေး ဖို ရမ် ကို တက်ရောက် နေတဲ့ ဒေါ်
အောင်ဆန်း စုကြည် ဟာ ဘန်ကောက် မြို့  က နေ မဲ ဆောက် မြို့  ကို လေယာဉ် နဲ့  ရောက် ရှိ လာတာ
ဖြစ် ပြီး မဲဆောက် ကနေ မော်တော် ကား နဲ့  တစ် ဆင့်  မဲလ ဒုက္ခသည် စခန်း ကို ထွက် ခွာ ခဲ့ တာ ဖြစ်
ပါတယ်။
ထိုင်း နိုင်ငံ မဲ ဆောက် မြို့ မှာ နေထိုင် ကြ တဲ့ မြန်မာ ရွှေ့ ပြောင်း အလုပ် သမား တွေ နဲ့  နိုင်ငံ ရေး ၊ လူ
မှုရေး အဖွဲ့  အစည်း တွေ က တာဝန် ရှိ သူ တွေ က လည်း ဒေါ်အောင်ဆန်းစုကြည် ကို ကြို ဆို နှုတ်ဆက်
ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရဲ့  ထိုင်း နိုင်ငံ တွင်း ခရီးစဉ် ကို  ထိုင်း ရဲတပ် ဖွဲ့  ၊ ထိုင်း အထူးထောက် လှမ်း
ရဲ့  တပ် တွေနဲ့  ထိုင်း အစိုးရ အဖွဲ့  ၀င် တွင် ရဲ့  လုံခြုံ ရေး ကို စီစဉ် ပေးတဲ့ ဘန်ကောက် အခြေစိုက် ထိုင်း
တပ် မ ၉ က အထူး တပ် ဖွဲ့  ၀င် တွေ ကလည်း လုံ ခြုံ ရေး ယူပေး ခဲ့ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရဲ့  ဘဲကလော့ ဒုက္ခသည် စခန်း ခရီး စဉ် မှာတော့ တခ် ခရိုင် ရဲ တပ် ဖွဲ့  ၊ စစ်တပ်
ပြည်သူ့  စစ်နဲ့  နယ် ခြား စောင့် တပ် ဖွဲ့  တွေ ၊ ပြည်သူ့ စစ်တွေ ပါ လုံ ခြုံ ရေး ယူပေးထား တယ်လို့ 
မဲဆောက် မြို့  ဈေးထဲ မှာ မြန်မာ စားသောက် ဆိုင် ဖွင့် ထား တဲ့ ကို ဟိန်းမြတ် က FNG ကို ပြောပါတယ်။
ဘဲကလော့ ဒုက္ခသည် စခန်းမှာ ဒုက္ခသည် တွေ ၊ ဒုက္ခသည် ရေး ရာ ဆောင် ရွက် နေတဲ့ အဖွဲ့  တွေ နဲ့  တွေ့ 
ဆုံ ခဲ့ ရပေမယ့် ထိုင်း နိုင်ငံ ရောက် မြန်မာ တိုင်း ရင်း သား ဒုက္ခသည် တွေ ကို တော့  မိန့် ခွန်းပြောဆို ခွင့်မ
ရတဲ့ အပေါ် ဇုန် စီ က အမှု ဆောင် လူကြီး တစ်ဦး ဖြစ်တဲ့ ဦးဒေးဗစ် က ” ကျွန်တော့် တို့  ဆေးရုံ အရှေ့ က
ဘောလုံး ကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် လာရင် မိန့် ခွန်း ပြောဖို့  မိုက်က ရီုဖုန်း တွေ ဘာတွေ နဲ့  စီစဉ်
ထား ပါတယ်။ စခန်း လုံခြုံ ရေး တာဝန် ခံ တွေ က နောက်ပိုင်း မှာ တစ်မျိုး ပြောင်း ပြီး စီစဉ် တာ ပါ လို့ 
FNG ကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရဲ့  ယာဉ်တန်း ကို မဲ ဆောက် မြို့  က ရွှေ့  ပြောင်း ပညာသင်ကြား နေတဲ့ ကလေး
ငယ် တွေ ၊ ထိုင်း လူမျိုး ဒေသခံ တွေ က ပါ ကြို ဆို ခဲ့ ကြ ပါတယ်။ 
freedomnewsgroup.com/2012/06/03/tha-song-yang/
0 comments:
Post a Comment
http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif