http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

10 Jun 2012

မူ ဆယ် တွင် ဗုံး ငါး လုံး ဆက် တိုက် ကွဲ

တရုတ်မြန်မာ နယ်စပ် ကုန်သွယ်ရေးမြို့ ဖြစ်သော မူဆယ်မြို့ တွင် ဇွန်လ ၉ ရက်နေ့ ည
သန်းခေါင်ယံ အချိန်တွင် ဗုံး ငါး လုံး ဆက်တိုက် ပေါက်ကွဲ ခဲ့ကြောင်း ဒေသခံ မျက်မြင် သက်သေများက ပြောသည်။
“ည ၁၁ နာရီလောက် ကနေ ၁၂ နာရီလောက်ထိ တစ်လုံးပြီး တစ်လုံး ဆက်တိုက် ကွဲတာ မူဆယ် ပြည်ထောင်စု လမ်းမကြီး တလျှောက်မှာ ရှိတဲ့ လမ်းလယ်ကျွန်းတွေနဲ့ အမှိုက်ပုံတွေမှာ ကွဲတာ နောက်ဆုံး ကွဲတဲ့ အလုံးက ဒုသမတ ဒေါက်တာဆိုင်းမောင်ခမ်း ခြံဝင်းမှာရှိတဲ့ အမှိုက်ပုံမှာ” ဟု မူဆယ် ဒေသခံ ကုန်သည် တစ်ဦးက ပြောသည်။ ဗုံးကွဲချိန်တွင် လူသွား လူလာ နဲသော အချိန် ဖြစ်သဖြင့် ထိခိုက် ဒဏ်ရာ ရသူ မရှိသော်လည်း ဗုံးကွဲသံမှာ ကျယ်လွန်း သဖြင့် ဒေသခံများ ထိတ်လန့် ခဲ့ရကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည် မေလ ကုန်ပိုင်းတွင် မူဆယ်-လားရှိုး လမ်းမပေါ်တွင် ကုန်ကား သုံးစီးကား လက်နက်ကိုင် တစ်စုက ဗုံးခွဲ ခဲ့သဖြင့် ကုန်ကားများမှာ ယခုချိန်ထိ ည မထွက်ရဲ ဖြစ်နေခဲ့ရသည်။
ထိုအပြင် ဧပြီလဆန်းပိုင်းကလဲ မူဆယ် ဒေသရှိ စစ်ဆေးရေး ဂိတ်တစ်ခုတွင် ဗုံးတစ်လုံး ကွဲခဲ့သဖြင့် လ၀က အရာ ရှိတစ်ဦး သေဆုံးခဲ့သည်။ 
www.yoyarlay.com/local-news/local-news/politics/26990-2012-06-10-06-36-19

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif