http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

27 Jun 2012

မြန် မာ အ သင်း ခြေ စစ် ပွဲ အော င်ရေး မလေး ရှားနှ င့် ပွဲ မှာ အ ဆုံး အဖြတ်ဖြစ် မည်

အာရှယူ၂၂ ခြေစစ်ပွဲ အုပ်စု G တွင် ဒုတိယနေရာမှ ဦးဆောင်နေသော မြန်မာ
အသင်းမှာ မလေးရှားနှင့်ပွဲသည်ခြေစစ်ပွဲ အောင်မြင်ရေး အတွက် အဆုံး အဖြတ် ပွဲ ဖြစ်လာ မည် ဖြစ်ကြောင်း မြန်မာယူ၂၂နည်းပြ ပတ်ဆောင်ဟွာက ပြောကြား သည်။ အုပ်စု ဒုတိယပွဲစဉ် အဖြစ် ကစားခဲ့သည့် ပွဲတွင် မလေးရှားအသင်းက ဖိလစ်ပိုင် အသင်းကို၇-၀ဖြင့် အနိုင်ရရှိ ခဲ့သောကြောင့် နည်းပြကြီးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
မလေးရှား အသင်းက ဗီယက်နမ် အသင်းထက် ပိုကောင်းတဲ့ အသင်းပါ။နောက်ဆုံးပွဲ အဖြစ် ကစားရမယ့် မလေးရှားနဲ့ ပွဲကတော့ ခြေစစ်ပွဲ အောင်ရေး မအောင်ရေး အဆုံးဖြတ် ဖြစ်လာနိုင်ပါတယ် ဟုဗီယက်နမ်အသင်းကို သုံးဂိုး တစ်ဂိုး ဖြင့် အနိုင်ရခဲ့သည့် ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားသည်။ မလေးရှား အသင်းသည် အုပ်စုပထမပွဲတွင် တောင်ကိုရီးယား အသင်းကို ခြေရည်တူ ကစားနိုင်ခဲ့သော် လည်း သုံးဂိုး နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
တောင်ကိုရီးယား အသင်းက ဒီအုပ်စုမှာ အတောင့်တင်းဆုံး အသင်းဖြစ်တဲ့အတွက် ရှုံးခဲ့ရပေမယ့် ကျန်ပွဲစဉ်တွေမှာ အနိုင်ရအောင် ကစားသွားမှာပါ။ အသင်းတိုင်းကတော့ ခြေစစ်ပွဲအောင်ဖို့ အခွင့်အရေး ရှိပါတယ်ဟု ယင်းပွဲအပြီးတွင် မလေးရှား နည်းပြ အွန်ကွမ်ဆီးက ပြောကြားထားသည်။ အာရှယူ၂၂အုပ်စုဒုတိယပွဲစဉ်များအပြီးတွင် တောင်ကိုရီးယားအသင်း နှင့် မြန်မာအသင်းတို့မှာ နှစ်ပွဲနိုင် ခြောက်မှတ်ဖြင့်အုပ်စုပထမနှင့် ဒုတိယနေရာတွင်လည်းကောင်း မလေးရှားအသင်းနှင့် တရုတ်တိုင်ပေ အသင်းတို့မှာ တစ်ပွဲနိုင် တစ်ပွဲရူံးဖြင့် အုပ်စု တတိယနှင့် စတုတ္ထနေရာ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင် အသင်းတို့မှာ နှစ်ပွဲရုံးဖြင့် ခြေစစ်ပွဲအောင်ရန် အခွင့်အရေး နည်းပါးသွားပြီဖြစ်သည်။ 
www.yoyarlay.com/sport/sport/football/27496-2012-06-27-06-18-16

1 comments:

  1. နိုင်ပါစေလို့ ဆုတောင်းပေးနေရမှာပဲ....:PPP

    ReplyDelete

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif