မန္တလေးတိုင်းဒေသကြီး ၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ (ဘ-၃)လူနေရပ်ကွက်များအတွင်း ထင်ထင်ပေါ်ပေါ်ဖွင့်စားနေသော တရားမ၀င်ပြည့်တန်ဆာအိမ်များ မည်သည့်အာဏာပိုင်အဖွဲ့အစည်းမှ အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း ဒေသခံအချို့၏ ဆက်သွယ်သတင်းပေးချက်အရ စုံစမ်းသိရှိရသည်။”သိပ်မကြာသေးဘူး ။ဂျာနယ်တစ်စောင်က ဒီပြည့်တန်ဆာအိမ်တွေကြောင့်….ရပ်ကွက်ထဲကသမီးရှင်တွေအိမ်ပြောင်းပြေးတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ်ရေးလိုက်တာ တွေ့ လိုက်ရတယ်… ဒီတော့ဌာနဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ဒီကိစ္စကြီးကိုသိပြီးအရေးယူတော့မယ်ထင်တာပေါ့.. ပြီးတော့ ဒီပြည့်တန်ဆာအိမ်တွေကြောင့် ဒီရပ်ကွက်ကပါလို့ ကိုယ့်ကိုယ်ကို မပြောရဲရှာတဲ့ သမီးပျိုတွေအတွက်လည်း အခြေအနေတွေကောင်းလာတော့မယ်ထင်တာပေါ့…. ဒါပေမယ့် ဒီပြည့်တန်ဆာအိမ်တွေကဖွင့်မြဲဖွင့် လာနေတဲ့သူတွေကလည်း လာမြဲပဲဗျာ….. ဒီအိမ်တွေကို တာဝန်ရှိသူတွေအရေးမယူကြတော့ဘဲ ဒီအတိုင်းလက်ပိုက်ကြည့်နေတော့မှာလားဟု ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ပြည်သူများမှသိရှိလိုကြောင်း မြို့ ခံတဦး က Myanmar News Now ကို ပြောပါသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ (ဘ-၃)ရပ်ကွက်အတွင်းရှိ ပြည့်တန်ဆာဂေါင်း မြင့်သန်း နှင့်ဇနီးဖြစ်သူ တင်တင်အေး တို့မှ တရားမ၀င်ပြည့်တန်ဆာအိမ်များဖွင့်လှစ်ထားသည်မှာ နှစ်ပေါင်း(၂၀)ခန့်ရှိပြီဖြစ်သော်လည်း ယနေ့အချိန်ထိ ဥပဒေအရ အရေးယူဆောင်ရွက်မည့် အဖွဲ့အစည်းပေါ်ပေါက်ခြင်းမရှိဘဲ ၄င်းပြည့်တန်ဆာအိမ်မှ ငွေကြေးရယူပြီး ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေမှုအား မသိကျိုးကျွံပြု မှုနေသဖြင့် ၄င်းပြည့်တန်ဆာလုပ်ငန်းမှာ အတင့်ရဲစွာ ရပ်ကွက်အတွင်း ပေါ်ပေါ်ထင်ထင်လုပ်ကိုင်ဆောင်ရွက် ဆဲဖြစ်ပါသည်။
ညပိုင်းအချိန်များတွင် ကျန်စစ်သားလမ်းပေါ်တွင် ၄င်းပြည့်တန်ဆာနေအိမ်သို့လာရောက်ပျော်ပါးသည့်သူများ၏ ဆိုင်ကယ်များဖြင့်ပိတ်ဆို့နေပြီး ရပ်ကွက်လူထု သွားလာမရဖြစ်နေကြောင်း ပြည့်တန်ဆာပွဲစားများ၊ ဆိုင်ကယ်ကယ်ရီသမားများမှာလည်း အဆိုပါပြည့်တန်ဆာအိမ်များအနီး၌ ရှိနေကြကြောင်း ဒီလိုမကောင်းတဲ့အိမ်တွေ ရပ်ကွက်ထဲထင်ထင်ပေါ်ပေါ်ကြီးလာဖွင့်ထားတာ ရွာအရမ်းနာတယ် ရပ်ကွက်ထဲကရိုးရိုးသားသားနဲ့ ဘ၀ကို ရုန်းကန်နေရတဲ့သမီးပျိုလေးတွေရော၊ ကျောင်းသူလေးတွေအတွက်ပါ ဒီအိမ်တွေရဲ့  အကျိုးဆက်က အများကြီးသက်ရောက်မှုရှိတယ်လို့  မြို့ ခံက Myanmar News Now ကို ဆက်လက်ပြောပြထားပါသည်။
ဒီရပ်ကွက်က မိန်းကလေးတွေဆိုသူတို့ ကိုယ်ကို ဒီရပ်ကွက်ကပါလို့ မပြောရဲကြတော့ဘူး။ ဒါကြောင့် ပြည်တန်ဆာအိမ်တွေကို အမြန်ဆုံးအရေးယူဖယ်ရှားပေးရန် ရပ်ကွက်ပြည်သူလူထုမှလိုလားလျက်ရှိပြီး သက်ဆိုင်ရာအနေဖြင့် ၄င်းပြည့်တန်ဆာနေအိမ်အား ထိရောက်သောအရေးယူဆောင်ရွက်မှုများအားပြုလုပ် ပေးပါရန် မြို့ ခံများက ပြောပြပါသည်။
www.thithtoolwin.com/2012/06/blog-post_7634.html






Kuala Lumpur Time
0 comments:
Post a Comment