မိခင် ဒေါ်ခင်ကြည် ပိုင်ဆိုင် ပြီး ယခု လက်ရှိတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် နေထိုင်လျက် ရှိသော ဗဟန်းမြို့နယ် တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် ၅၄ ကို အမွေရလိုမှုဖြင့် ဦးအောင်ဆန်းဦး က တရားစွဲဆိုထားရာ ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ဇွန်လ ၂၂ ရက်နေ့တွင် အမွေ တစ်ဝက်ခွဲဝေယူရန် အမိန့်ချမှတ် လိုက်မှုအပေါ် အယူခံဝင်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်၏ ရှေ့နေများဖြစ်ကြ သည့် ဦးဥာဏ်ဝင်းနှင့် ဦးကြည် ဝင်းကVenus News Weekly သို့ ပြောကြားသည်။
“ခရိုင်ရုံးရဲ့ အမိန့်ချမှတ်မှုကို ကျွန်တော်တို့ အယူခံဝင်ပါ့မယ်။ ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော်ကို အယူခံဝင်မယ်။ နိုင်ငံခြားသားက ပိုင်ဆိုင်ခွင့်မရှိပါ ဘူး”ဟု ဦးဥာဏ်ဝင်းက Venus News Weekly သို့ ပြောကြားသည်။ ရှေ့နေဦးကြည်ဝင်းက နေအိမ် အမွေမှုနှင့် ပတ်သက်ပြီး တရား ရုံး၏စီရင်ချက်ရယူပြီးပါကအယူခံ ဝင်ရေး စီစဉ်သွားမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လာ မည့်အချိန်မှ ညွှန်ကြားချက်ကို လည်း စောင့်ဆိုင်းမည် ဖြစ် ကြောင်း ရှင်းလင်းပြောဆိုသည်။
“အခု အမိန့်ချတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် မရှိဘူး။ ကျွန်တော်က ဒေါ်အောင်ဆန်း စုကြည် ပြန်လာတဲ့အထိ စောင့် ချင်သေးတယ်။ ဒေါ်အောင်ဆန်း စုကြည် ဘယ်လိုညွှန်ကြားမလဲ ဆိုတာလည်း စောင့်ချင်သေး တယ်။ စီရင်ချက်တွေ ရပြီးရင် ကျွန်တော် အသေးစိတ်ထပ်ပြော မယ်” ဟု ရှေ့နေဦးကြည်ဝင်းကရှင်းပြသည်။ ဒေါ်ခင်ကြည်၏ အပေးစာ ချုပ်ဖြင့် ခြံထဲမှ ပေ ၁၀ဝx ၇၀မြေကွက်ကို လည်းရယူလိုကြောင်း ဦးခင်မောင်အေးက တရားစွဲဆို ထားသောအမှုလည်းရှိနေကြောင်းဦးကြည်ဝင်း၏ ပြောဆိုချက်အရ သိရှိရသည်။
www.yoyarlay.com/local-news/local-news/l-local-news/27495-2012-06-27-06-06-08






Kuala Lumpur Time
0 comments:
Post a Comment