http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

7 Jun 2012

အ မှိုက် တစ် စ


ရေးချင်လွန်း၍ ရေးလိုက် မိပါပြီ။ စာဖတ်သူက လက်ခံ ပါမည်လား၊ ဆန့်ကျင် လေမည်လား။ လက်ခံသူနှင့် ဆန့်ကျင်သူ အချိုး အစား မည်မျှ ရှိမည်လဲ။ သက်ဆိုင်ရာ သက်ဆိုင် ရာတွေရဲ့ သဘောထား မည်သို့ ရှိမှာလဲ။ မဝေခွဲတတ်သော် လည်း ရေးချင်လွန်း၍ ရေးလိုက်မိ ပါပြီ။ ကျွန်တော်သည် ဝန်ထမ်းဘဝ က မြန်မာပြည်အနှံ့ ရောက်ခဲ့ရဖူး ပါသည်။ ချင်းတွင်း၊ ဧရာဝတီ၊ မူး မြစ်၊ ရွှေလီ၊ စစ်တောင်း၊ သံလွင် စုံအောင်စုံအောင် ရောက်ခဲ့ရဖူး သည်။ မြစ်တကာ့မြစ်မှာ ဧရာဝတီ မြစ်သည် မြစ်ပြင်ကျယ်သည်။ ရေ အောက်မျက်နှာပြင်River Bed ပြေ ပြစ်သည်။
ထို့ကြောင့် ရေစီးတည် ငြိမ်သည်။ ဆိုးကျိုးထက် ကောင်း ကျိုးပိုများသည်။ သံလွင်ကတော့ တောင်ကျရေသဘာဝ ကျောက် ဆောင်ပေါ၍ ရေစီးကြမ်းသည်။ အန္တရာယ် များလှပါသည်။ လွတ်လပ်ရေးရကတည်းက ယနေ့အထိ (သမိုင်းပေးတာဝန်ဟု ဆိုချင်သည်) အစိုးရတွေ အဆက် ဆက်ပြောင်းခဲ့ပြီ။ အလှည့်ကျ တာဝန်ယူ ခဲ့ကြသော အစိုးရအဖွဲ့ အသီးသီး သူ့နည်းသူ့ဟန်၊ သူ့အကြံ သူ့စိတ်ကူး ကွန့်မြူးနိုင်သမျှ ကြိုးစား ခဲ့ကြသည်ဟု ကျွန်တော်မြင် သည်။ ကျွန်တော် ယုံကြည်သည်။ အကြမ်းဖျင်းအားဖြင့် ခေတ် ကြီးငါးခေတ်ပြောင်းခဲ့ပြီ။
၁၉၄၈ ခုမှ ၂၀၁၁ ခုနှစ်အထိပြည်သူလူထုဆန္ဒ ပြည့်ဝစွာယုံကြည်အားကိုးမှုရခဲ့သော အစိုးရမရှိခဲ့သေးဟု မြင်သည်။ ယနေ့အစိုးရသည် ၂၀၁၁ ခုနှစ်မှစ၍ ပုံစံသစ်နှင့် တာဝန်ယူလာ ခဲ့သည်။ ကျယ်ကျယ်တစ်မျိုး တိုးတိုး တစ်ဖုံ မျိုးစုံအသံတွေထွက်ခဲ့သော် လည်း ရွေးကောက်ပွဲဖြင့် ဖွဲ့စည်း ဖြစ်ပေါ်လာသော အစိုးရဖြစ်သည်။ ကမ္ဘာကလည်းအသိအမှတ် ပြုခံရ သည်။ အတိုင်းအတာတစ်ခုအထိ တိုးတက်သောဘက်သို့ ဦးတည်ရွှေ့ ပြောင်းမှုရှိမည်ဟု ယူဆကြသည်။
ယနေ့အထိ သမ္မတကြီး ဦးသိန်းစိန်အစိုးရသည်ကောင်းသော ဘက်သို့ ပြည်သူလိုလားရာဘက် သို့ဦးတည်လှုပ်ရှားလာခဲ့သည်။ ရုတ် တရက်သံလွင်မြစ်မှ ရေတံခွန် လိုအ ရှိန်ပြင်းစွာထိုးဆင်းလာ သော လှုပ်ရှားမှုမျိုးမဟုတ်။ မြစ်မင်း ဧရာလို ညင်သာသောရေစီးဖြင့် ရွှေ့လာသည်။ ပြောင်းလဲလာသည်။ ပြုပြင်လာသည်ဟု ကျွန်တော်တို့ လိုသာမန်လူတို့မြင်သည်။ကျွန်တော် တို့အမြင်သည် ကြည်လင်၏။ အရောင်မရှိ။ ဖြူစင်၏။ ပုဂ္ဂိုလ်စွဲမရှိ။ တစ်ချိန်က အတူတကွလက်တွဲခဲ့ရ ဖူးသူတွေကို ဘက်လိုက်သော အတွေးမရှိ။ ပကတိ သာမန် အရပ်သားတစ်ယောက်အဖြစ် ရှုမြင်သည်။ သတင်းနားထောင် သည်။ သတင်းစာ ဖတ်သည်။ ဂျာနယ်တွေ ဖတ်သည်။
ထုတ်ဝေ သမျှဂျာနယ်၊ မဂ္ဂဇင်းတွေအားလုံး မဖတ်နိုင်သော်လည်း သတင်းဂျာ နယ်များထဲမှ ကောင်းနိုးရာရာ ရွေး ဖတ်ခဲ့၍ သတင်းတွေသိခဲ့ရသည်။ မိမွေဖမွေကို သားသမီးမြေး မြစ်တွေဆက်ခံရသလို အစိုးရဟူ သည် ယခင်အစိုးရအဆက်ဆက် က ပခုံးပြောင်းခဲ့သမျှ တာဝန်ယူကြ ရမြဲဖြစ်ပေသည်။ ဆောင်ရွက်ဆဲ လုပ်ငန်းများကို အရှိန်မပျက် ဆက် လက် အကောင်အထည်ဖော်ရ သည်။
အချို့လုပ်ငန်းများကိုတော့ ရုတ်ခြည်း ပြင်သင့်တာပြင်၊ ဖြည်း ဖြည်းပြင်သင့်တာ ပြင်ရမည်။ ပထမံတန်ခိုး နှင့်ဘိုးဘိုးအောင်လို ရုတ်ခြည်းပြင်လို့မရ၊ ပြောင်းလို့မရ၊ ရပ်လို့မရသည်မှာ သေချာသည်။ စီမံကိန်းသစ်ကို ရုတ်ခြည်းလုပ်မရ သည်မှာ သေချာသည်။ ထို့ကြောင့်လည်း ယနေ့အစိုး ရသည် ယနေ့ပြည်သူလူထု ခံစား နေရသော ပြဿနာကို တာဝန်ယူ ဖြေရှင်းနေရသည်။
လျှပ်စစ်မီးပြဿနာ
သည်နှစ်မှ တစ်ပြည်လုံးလိုလို လျှပ်စစ်မီးအခက်တွေ့ကြရသည်။ အထူးသဖြင့် မြို့ကြီးတွေမှာ ပြဿ နာပိုကြီးသည်။ ရန်ကုန်မှာပြဿနာ စသည်နှင့် တိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြင့်ဆွေက ရှင်းပြသည်။ တစ် ပြည်လုံးထွက်ရှိသမျှ လျှပ်စစ်မီး အားတစ်ဝက်ကို ရန်ကုန်မှသုံးစွဲနေ ကြောင်း၊ လုံးဝမလျော့ဖို့သက်ဆိုင် ရာပြည်ထောင်စုဝန်ကြီးကို ညှိထား ရကြောင်း ရှင်းပြသည်ကို စာနယ် ဇင်းများမှ ဖတ်ရသည်။ ယခုရက်ပိုင်းမှာတော့ ရန်ကုန် မန္တလေးသာမက မြို့တိုင်းမှာ ပြဿ နာတွေရှိကြသည်။
ဒီမိုကရေစီ ခေတ်မှာ မဲဆန္ဒဖြင့် ရွေးချယ်ထား သော ပြည်သူ့ကိုယ်စားလှယ်များ ကလည်း ကိုယ့်မြေကိုယ်ရေ ကိုယ့် လူတွေကိစ္စ သက်ဆိုင်ရာသို့ တင် ပြကြသည်။ အစိုးရ အခြေအနေ၊ သက်ဆိုင်ရာ အခြေအနေကိုလည်း ဒေသကိုယ်စားလှယ်များက ကိုယ့် လူထုကိုကိုယ်ပြန်ရှင်းပြသောနည်းဖြင့် အသိပေးကြသည်။ လျှပ်စစ် ဌာနက လည်းမီဒီယာများမှတစ်ဆင့် မေလ ၁၉ ရက်နေ့က ရှင်းပြကြသည်။
၂၀၁၂ ခု မေလ ၂၄ ရက်နေ့ ထုတ် ပေါ်ပြူလာနယူးစ်ဂျာနယ် ဖတ်ရသောအခါ ဟိုမြို့သည်မြို့တွေ မှာ ချစ်စရာလှုပ်ရှားမှုသတင်း လေးများ သိရသည်။ မန္တလေးမြို့ ပေါ်တွင် မေလ ၂၀ ရက် ည ၇ နာရီအချိန်မှာ ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ပွဲလေး ပြုလုပ်ခဲ့ရာ ထိုည ၉ နာရီအချိန်မှာ လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့က စာနယ် ဇင်းရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ ၂၁ ရက်နေ့ ညနေ ၅ နာရီတွင် အမှတ် (၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ကလူထုကိုတွေ့ဆုံ ရှင်းလင်းပြသည်။
မန္တလေးတိုင်းဒေသကြီးလျှပ်စစ် အင်ဂျင်နီယာ ဒေါ်အေးအေးမင်း ကလည်း “မန္တလေးမြို့ လျှပ်စစ် မီးပိုမိုရရှိဖို့အတွက် ရုံးချုပ်ကို မီးစက်တွေ မှာထားပါတယ်။ ကျွန်မတို့အနေနဲ့ပေးချင်ပါတယ်။ ပေးစရာမရှိလို့ကို မပေးတာပါ။ မီးရချင်ရင် မိုးနတ်မင်းကြီးကို သာဆုတောင်းပါ”ဟု ပြောသွားပုံ လေးက မိသားစုဆန်ဆန် ချစ်စ ဖွယ် သနားစဖွယ်လေး တောင်းပန် သွားကြောင်း ဖတ်လိုက်ရသည်။ ထိုအင်ဂျင်နီယာအပေါ် အထက်ဌာ နဆိုင်ရာက မည်သို့သဘောထား မည်ကိုတော့မသိ၊ ကျွန်တော်တို့ အရပ်သူအရပ်သား စာဖတ်သူတွေ ကတော့ သဘောကျသည်။
ဆန္ဒ ဖော်ထုတ်သူနှင့် ရှင်းပြသူတို့ရန်စွယ် ငေါငေါမရှိကြ၊ “ဒါမှ ဒီမိုကရေစီ အစ”ဟု ပြောမိကြသေးသည်။ ဧပြီလ ၂၉ ရက်နေ့ကလည်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းကမီဒီယာများနှင့်တွေ့ ဆုံရာတွင် လျှပ်စစ်မီးကိစ္စပြေလည်ဖို့ အမေရိကန်နိုင်ငံ မိတ်ဆွေကုမ္ပဏီမှ ကူညီနေကြောင်း အတိုင်းအတာ တစ်ခုအထိ ပြေလည်အောင်ဆောင် ရွက်နေကြောင်း ပြောကြားခဲ့သည်။
အာရှ၏အနာဂတ်ရေးရာ (၁၈) ကြိမ်မြောက်နိုင်ငံတကာ ကွန်ဖရင့် သို့တက်ရောက်ခဲ့သောပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းနှင့် ဂျပန်နိုင်ငံဝန်ကြီး တို့ ဆွေးနွေးချက် အရ (၁၂၀) မဂ္ဂါဝပ် ဓာတ်ငွေ့တာဘိုင် စက်သုံးလုံး ငှား ရမ်းရန် သဘောတူခဲ့ကြောင်းလည်း မေလ ၂၈ ရက်နေ့ထုတ်သတင်းစာ တွင် ဖော်ပြပါရှိပြန်သည်။မေလ ၂၄ ရက်၊ ၂၅ ရက် စည်းဝေးပွဲတက်ပြီး ၂၆ ရက်နေ့ ပြန်လည်ရောက်ရှိလာ သော ဝန်ကြီးထံမှ သတင်းကို ၂၈ ရက်နေ့ ဖတ်ရှုရခြင်းသည် သတင်း ပွင့်လင်းမှုအဖြစ် အသိအမှတ်ပြုရ ပါတော့သည်။
ယခင်နှစ်များက တည်ဆောက် ခဲ့ကြသော ရေအားလျှပ်စစ်စီမံကိန်း များမှ ထွက်ရှိမှု၊ ပြည်တွင်းသုံးစွဲမှု၊ စက်တည်ဆောက်စဉ်က စာချုပ် အရ ပြည်ပကို ရောင်းချရသော လျှပ်စစ်မီးအားပမာဏတို့ကို သက် ဆိုင်ရာဝန်ကြီးဌာနမှ ပြည်သူလူထု ထံသို့ အသိပေး မေတ္တာရပ်ခံ ပန်ကြားလွှာ ထုတ်ပြန်မှုကို မေ လ ၂၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်း စာတွင် ဖတ်ရှုခဲ့ရပြန်သေးသည်။ ဤမျှဆိုလျှင် အစိုးရနှင့် ပြည် သူပွင့်လင်းစွာ ဆက်ဆံမှုကို ဒီမိုက ရေစီ၏ ရောင်ခြည်ဦး အဖြစ် တွေ့ မြင်ရပြီ ဖြစ်ပေသည်။ ဤအခြေအနေတွင် စိတ်မ ကောင်းစရာ သတင်းတစ်ပုဒ် ဖတ် လိုက်ရပြန်ပါသည်။
လျှပ်တစ်ပြက်သတင်း ဂျာနယ် အတွဲ (၃)၊ အမှတ် (၈၉) တွင် “ပြည်မြို့ဆန္ဒပြမှုတွင် ရိုက်နှက်ခံရ သူများမှ ရဲစခန်းသို့တိုင်ကြား”ဟူ သော ခေါင်းစဉ်နှင့် သတင်းဓာတ်ပုံ များနှင့် ဖတ်လိုက်ရသည်။ ၂၄ နာရီမီးရရှိလိုကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြရာတွင် ပြဿနာ ဖြစ်ကြကြောင်း Facebookု စာမျက် နှာပေါ်မှ သတင်းကို ဖော်ပြထား သည်။
သည်နေ့ အစိုးရက သည်ဖြစ် ရပ်ကိုလျစ်လျူရှုထားမည်မဟုတ်ဟု ယုံကြည်သည်။ သတင်းမှန်ကို ဖော်ပြမည့် ဂျာနယ်များကို စောင့်မျှော်နေကြ သည်က သာမန်အရပ်သားစာဖတ် သူများသာ ဖြစ်ပါ၏။ အေးချမ်းမှုကိုလိုလားသူများ သာဖြစ်ပါ၏။ မငြိမ်းချမ်းမှုကို ရွံ့မုန်းသူများ သာ ဖြစ်ပါ၏။ 
မောင်ဆွေသက် 
www.yoyarlay.com/index.php/book/book/article/26905-2012-06-07-08-09-31

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif