ပြည်ပ ဟက်ကာ အဖွဲ့အစည်းများ နှင့် ပြည်တွင်း ဟက်ကာ အဖွဲ့အစည်း တချို့တိုက်ခိုက်နေကြသည်ဟု သိနေရပြီး ယင်းအဖွဲ့အစည်းများအနေဖြင့် နိုင်ငံ အလံများအသုံးပြုကာ နိုင်ငံနာမည်ခံ အသုံးမပြုသင့် ဟု ပြည်တွင်းရှိ နည်းပညာရှင်အချို့က သုံးသပ်ဝေဖန် ခဲ့ကြကြောင်းသိရသည်။ "ဒီလိုတိုက်ခိုက်တာဟာ မဆိုင်တဲ့ ပြည်တွင်းလုပ်ငန်းတွေ၊ အရေးကြီးတဲ့ဌာန ဆိုင်ရာ Business တွေ၊ Social ဆိုက်တွေ များစွာ ထိခိုက်မှုရှိနိုင်တယ်။ ဒီအဖွဲ့အစည်းတွေကို နိုင်ငံ တော်ကတရားဝင်တာဝန်ပေးထားတာလည်း မဟုတ် ဘူး။ ဟိုအဖွဲ့အစည်းက ဟိုနိုင်ငံအမည်ခံ၊ ဒီအဖွဲ့ အစည်းကလည်း ဒီနိုင်ငံအမည်ခံရင် နိုင်ငံတော် အနေနဲ့လည်း နာမည်ပျက်တယ်။ ဒါဟာ နိုင်ငံရဲ့ သွားနေတဲ့ အီလက်ထရွန်နစ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ e-banking ၊ e-solution တွေအနေနဲ့လည်း ထိခိုက်မှုရှိနိုင်ပါတယ်"ဟု မြန်မာနိုင်ငံကွန်ပျူတာပညာ ရှင်အသင်းအလုပ်အမှုဆောင် ဦးအောင်ဇော်မြင့်က အကြံပုပြောကြားသည။် www.yoyarlay.com/local-news/local-news/politics/27551-2012-06-28-08-37-17






Kuala Lumpur Time
0 comments:
Post a Comment