http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

11 Jun 2012

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ ပိုမိုများပြား ကျယ်ပြန့် လာ သ ည့် အ တွက် အေ ရးေ ပၚအေျခ အေ န ကြေ ညာ ပြီး တပ် မေ တာ် ၏ အ ကူ အ ညီ ကို ရ ယူ





ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ ပိုမိုများပြား ကျယ်ပြန့်လာသည့်အတွက် အရေးပေါ်အခြေအနေ ကြေညာပြီး တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရန် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးသည် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၂)ကို ၂၀၁၂ ခုနှစ် ဇွန်လ၁၀ရက်နေ့တွင် အရေးပေါ်အခြေအနေ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် 'ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် တည်ငြိမ်အေးချမ်းမှုပျက်ပြားသည့် အခြေအနေများ ဖြစ်ပေါ်မှုကြောင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှစ၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်းဆောင်ရွက်ခဲ့ပါသည်' ဟု ဖော်ပြပါရှိသည်။
စစ်တွေမြို့အတွင်း ဇွန်လ ၁၀ ရက်နေ့ ဇွန်လ ၁၀ ရက်နေ့၌ နံနက်ပိုင်းမှ ညပိုင်းအထိ မီးလောင်မှုဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ယင်းကဲ့သို့ နံနက်ပိုင်းမှ ညပိုင်းအထိ မီးလောင်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များမှာ ဇွန်လ ၁၀ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်တွင်  မင်းဂံအကွက်(၁)အနီးတွင် လည်းကောင်း၊ နံနက် ၈ နာရီခန့်တွင် အကွက် ၁၃ အနီးနှင့်အကွက် ၁၄ တို့တွင် လည်းကောင်း၊ မွန်းလွဲ ၂ နာရီခန့်၌ ရွှေပြားရပ်ကွက်တွင် လည်းကောင်း၊ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် မကျဉ်းမြိုင်ရပ်ကွက်နှင့် စံပြရပ်ကွက်တို့တွင်လည်းကောင်း၊ ညနေ(၄း၀၀)ခန့်တွင် မြို့သူကြီးရပ်ကွက်နှင့် တရားသိစုရပ်ကွက် ရပ်ကွက်နှစ်ခု အစပ်တွင်)တို့တွင်လည်းကောင်း အသီးသီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ဖြစ်စဉ်များအနက် မြို့သူကြီးရပ်ကွက်တွင် မီးလောင်ကျွမ်းမှုဖြစ်စဉ်ကို ညခြောက်နာရီခွဲအချိန်ထိ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရှိရသည်။ ထို့အတူ အဆိုပါမီးလောင်မှုဖြစ်စဉ်ကို ရှို့မီးဟု ရပ်ကွက်နေ ပြည်သူအများစုမှာ ယူဆနေကြပြီး ကျူးလွန်သူဟု ယူဆနေရသူကို လည်း ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ မီးလောင်မှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနှင့် ပတ်သက်၍ ဒေသခံတစ်ဦးကလည်း''အခု မီးလောင်မှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အများစုက ရပ်ကွက်ထဲမှာရှိတဲ့ လူမျိုးခြားတွေက သူတို့အိမ်တွေကို သူတို့ကိုယ်တိုင် မီးရှို့ပြီး ရှောင်တိမ်းသွားတယ်။ ပြီးတော့ အဲဒီ အိမ်တွေကတစ်ဆင့် ကျွန်တော်တို့ ဒေသခံအိမ်တွေကို ကူးစက်ပြီး လောင်ကျွမ်းခဲ့တာပါ။ ညနေက မြို့သူကြီးရပ်ကွက်မှာ မီးလောင်ကျွမ်းခဲ့တဲ့ အကြောင်းကလည်း ရှို့မီးပဲဖြစ်ပါတယ်။ မီးလောင်ပြီး သိပ်မကြာခင်မှာ မြစ်ထဲကို လူမျိုးခြားသုံးဦး ခုန်ဆင်း ရေကူးပြီးထွက်သွားလို့ အဲဒီနားက လုံခြုံရေးရဲတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်ကိုမိုးပေါ်ထောင်ပြီး ခြောက်လှန့်ခဲ့တဲ့ အတွက် အဲဒီ သုံးဦးထဲက တစ်ဦးကို ဒေသခံတွေက ရေထဲဆင်းဖမ်းပြီးတော့ ရဲစခန်းကို အပ်နှံခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။ အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်များ ကြောင့် အိမ်အများအပြား ဆုံးရှုံးခဲ့ရပြီး ဒါဏ်ရာရရှိသူများ ရှိခဲ့သည်။
လတ်တလောဖြစ်ပေါ်နေသည့် ဘင်္ဂါလီများ၏ အကြမ်းဖက်မှု အခြေအနေများကို ထိန်းသိမ်းရန် စစ်တွေ၌လည်း ပုဒ်မ ၁၄၄ ကို ဇွန်လ ၁၀ ရက်နေ့ ညနေ ၃ နာရီ၌ ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့တို့တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး နှစ်ရက်အကြာတွင် စစ်တွေမြို့၌ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
rakhine_1rakhine_1


မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင်  ၂၀၁၂ ဇွန်လ ၈ရက်နေ့တွင် ရိုက်နှက်ခြင်း၊ လုယက်ခြင်းများ ဖြစ်ပွားနေခြင်းကြောင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး စစ်တွေမြို့တွင်လည်း ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အတွက် အဆိုပါအမိန့်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ယင်းအမိန့် ထုတ်ပြန်မှုကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ အချိန်တွင် ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်း၌ လိုက်လံ ကြေညာခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မောင်တောမြို့နယ် ဘူးသီးတောင်မြို့နယ်နှင့် စစ်တွေမြို့နယ်တို့၌ ယခု လက်ရှိရက်ပိုင်း၌ ဖြစ်ပွားလျက်ရှိသော ပြဿနာများနှင့်ပတ်သက်၍ ထိန်းသိမ်းရန် လုံခြုံရေးအင်အားကို အပြည့်အ၀ ချထားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် ရဲတပ်ရင်းစု ကွပ်ကဲရေးမှူးဖြစ်သူ ရဲမှူးကြီးလှမိုးက ''နှစ်ဖက် အပြန်အလှန် ပြဿနာဖြစ်နေတဲ့ အနေအထားတွေကို မြန်မြန်ဆန်ဆန်နဲ့ ငြိမ်းချမ်းဖို့အတွက် လုံလောက်တဲ့ လုံခြုံရေးအင်အားကို ချထားပါတယ်။ အခုဒေသခံတွေ တချို့က လုံခြုံရေး တာဝန်ရှိသူတွေက ကိုင်တွယ်တဲ့အပိုင်းတွေ အလွန်ပျော့ပျောင်းနေတယ်လို့ ပြောဆိုနေတဲ့အပိုင်းကလည်း ကျွန်တော်တို့အနေနဲ့ ဒေသခံတွေကို ပြောချင်တာက ကမ္ဘာ့နိုင်ငံအသီးသီးမှာ အထင်လွဲမှားစရာ မဖြစ်စေဖို့အတွက် ဒေသခံတွေ သည်းခံပေးဖို့ လိုပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ အခုဖြစ်နေ တဲ့ ပြဿနာ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ဆိုရင် နှစ်ဖက်စလုံးအနေနဲ့ စိတ်အလိုမလိုက်ဖို့ လိုပါတယ်''ဟု သုံးသပ်ပြောကြားခဲ့သည်။
rakhine_1
နေအိမ်မီးလောင်ခံခဲ့ရသဖြင့် ပစ္စည်းများ သယ်ဆောင်လာသူတစ်ဦး

ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့ အမှတ်(၂)ရပ်ကွက်တွင် ယနေ့ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်က အများပြည်သူ သောက်သုံးနေသော (ဘန်းတောင်)ရေကန်ကို ဘင်္ဂါလီအမျိုးသမီးနှစ်ဦး လာရောက်ပြီး လူအများသေစေနိုင်သည့် အက်ဆစ်များကို ရေကန်ထဲသို့ ပစ်ချရန် ပြုလုပ်နေစဉ် လုံခြုံရေးများက အလျင်အမြန် ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။
ဇွန်လ ၈ ရက်နေ့က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သော မောင်တောမြို့တွင် ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် ယင်းမြို့တောင်ဘက် တစ်မိုင်အကွာခန့်ရှိ မောင်နီရွာအနီးရှိ နစခစခန်းကို ဘင်္ဂါလီ ရိုဟင်ဂျာများက ၀ိုင်းထားခဲ့ပြီး ထိုနေရာသို့ လုံထိန်းတပ်ဖွဲ့ဝင် များ ရောက်ရှိသွားသဖြင့် ဘင်္ဂါလီများ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု သိရပါသည်။

မောင်တောမြို့ရှိ လေးမိုင်ရဲ တပ်ရင်း၌ ကယ်ဆယ်ရေးစခန်းတစ်ခု ထပ်မံဖွင့်ထားပြီး ထိုစခန်း၌ လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိနေကြောင်း သိရပါသည်။ လေးမိုင်ရဲတပ်ရင်း ကယ်ဆယ်ရေးစခန်းတွင် ရိက္ခာအခက်အခဲ ဖြစ်ပေါ်နေခြင်းကြောင့် ဘူးသီးတောင်မှ ဒေသခံများကလာ ရောက်၍ ဆန်လှူဒါန်းမှု ပြုလုပ်မည်ဟု သတင်းထွက်ပေါ်နေကြောင်း မောင်တောဒေသခံက ပြောပါသည်။
မောင်တောမြို့ရှိ လေးမိုင် ကယ်ဆယ်ရေးစခန်းသို့ ရခိုင်တိုင်းရင်းသားများ ထပ်မံရောက်ရှိလာပြီး လူဦးရေ ၂၀၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းက သိရသည်။
မောင်တောမြို့နှင့် ပတ်သက်ပြီး လတ်တလော ထပ်မံသိရှိရသော သတင်းများအရ ဘင်္ဂါလီ ရိုဟင်ဂျာများ၏ အကြမ်းဖက်မှုကြောင့် သရေကုန်းဘောင်ရွာ၌ လူသုံးဦး သေဆုံးခဲ့ပြီး သေဆုံးခဲ့သူများမှာ ဦးချမ်းသာ (အသက် ၄၀ ကျော်)၊ ဦးအောင်သိန်းလှ (အသက် ၅၀နှစ်)၊ ဦးဘတိုး (၇၂ နှစ်)တို့ ဖြစ်ကြသည်။ မောရ၀တီရွာတွင် နှစ်ဦးသေဆုံးခဲ့ပြီး ဦးစံထွန်း(၃၈နှစ်)နှင့် ဦးသာတိုးအောင် (အသက် ၆၀နှစ်)တို့ ဖြစ်ပါသည်။ ရွှေရင်အေးရွာတွင်မူ လူငါးဦးသေဆုံးခဲ့ပြီး သေဆုံးခဲ့သူများအနက် သုံးဦးသည် ဘုန်းကြီးကျောင်းသားများဖြစ်ကာ ကျန်နှစ်ဦးမှာ ရွာသားများ ဖြစ်ပါသည်။
ရွှေရင်အေးရွာရှိ ဘုန်းကြီးကျောင်းမှာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ရဟန်းတစ်ပါးမှာလည်း ဓားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ရွှေရင်အေးရွာရှိ ဘုန်းကြီးကျောင်းနှင့် ထိုအနီးအနားရှိ ဘုန်းကြီးကျောင်းများမှ ရဟန်း ၁၅ ပါးမှာ လေးမိုင်ရဲတပ်ရင်းရှိ ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိနေသည်ဟု သိရသည်။
မောင်တောမြို့၏ တောင်ဘက် ၁၂ မိုင်ခန့်အကွာတွင် ရှိနေသော အလယ်သံကျော် နစက စခန်းကို ဘင်္ဂါလီ ရိုဟင်ဂျာများ ၀ိုင်းပြီးခဲဖြင့် ပစ်ခတ်နေသဖြင့် လုံထိန်းများက သေနတ်ပစ်ဖောက် သတိပေးနေကြောင်း အလယ်သံကျော် ဒေသခံတစ်ဦးက ဇွန်လ ၁၀ရက်နေ့ နံနက်ပိုင်းက ပြောပါသည်။
မောင်တောရှိ UNDP, UNHCR, UNICEF, UNFPA, WFP, CARE, AZG, ACF အစရှိသော UN နှင့် NGO ရုံးများ လုပ်ငန်းများ ရပ်နားပြီး ၀န်ထမ်းများသို့ ပြည်တွင်းရှိ သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ပြန်ခွင့်ပြုလိုက်ကြောင်း သိရှိရပါသည်။ 
www.weeklyeleven.com/index.php?option=com_content&view

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif