ကရုဏာရှင် တစ်စုက ဦးဆောင်ပြီး ဒလမြို့နယ် ပြည်သူများ အတွက် ရေစက် လှူဒါန်းဖို့နဲ့ ဒလမြို့နယ်နဲ့ မှော်ဘီမြို့နယ် ဝါးနက်ချောင်း ကျေးရွာရှိ ချို့တဲ့ နွမ်းပါး ကျောင်းသား၊ သူများ အတွက် ပညာရေးအထောက်အကူ ပြုပစ္စည်းလှူဒါန်းရန်အတွက် “မြန် မာချစ်သူ”အဖွဲ့ရဲ့ စာနယ်ဇင်း ရှင်းလင်းပွဲကို မေလ (၂၈) ရက် နေ့က ရန်ကုန်မြို့ City Star Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။မြန်မာချစ်သူအဖွဲ့မှာ သားစိုး၊ ဖြူဖြူ ကျော်သိန်း၊ ဖိုးချစ်၊ ဟဲလေး၊ဦးကျော်မြင့် Father Land နဲ့ စာနယ်ဇင်းအဖွဲ့ သားများပါ ဝင်ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။ အလှူပြုလုပ်တာနဲ့ ပတ်သက်ပြီး ဦးဆောင်ခဲ့သူ သားစိုး က “ဒီအဖွဲ့ကို ဖွဲ့စည်းတာနှစ်ပတ် ကြာခဲ့ပါပြီ။ ကျွန်တော်ပြီးခဲ့တဲ့ (၁၅) ရက်နေ့တုန်းက ဒလမှာ ရေသွားလှူ တုန်း၊ ကလေးတွေအတွက် ပညာ ရေးချို့တဲ့နေတဲ့အကြောင်းသိခဲ့ရ တယ်။
ဒါကြောင့် (၁၆) ရပ်ကွက် က ကလေးအယောက် (၂၂၀)၊ နောက်ထပ်တိုး (၃၀) ကို ကျောင်း အပ်ပေးဖို့စီစဉ်ခဲ့တာပါ။ ဖိုးချစ်က “ဒလမှာ ရေတွင်းတူးဖို့အတွက် အစ္စရေးနိုင်ငံကို အကူအညီတောင်း ထားပြီး အခက်အခဲရှိတဲ့ မြို့တွေကို လှူဖို့အတွက် ကျွန်တော်တို့အနု ပညာရှင်တွေအားလုံး အနုပညာ အလုပ်တွေ လုပ်ရင်းရတဲ့ ပိုက်ဆံ တွေကိုလှူဒါန်းသွားဖို့ရှိပါတယ်” ဦးကျော်မြင့် Father Land နှင့် ဖိုးချစ်က သိန်း (၃၀) သားစိုးက (၅) သိန်း၊ ဖြူဖြူကျော်သိန်းက (၅) သိန်း၊ ကိုဂျွန်လွင်က (၂) သိန်း၊ ရဲလေးက (၅) သောင်းလှူဒါန်းခဲ့ရာ အလှူငွေ စုစုပေါင်း (၅၆) သိန်း (၆) သောင်း အလှူငွေရရှိခဲ့ပါတယ်။
www.yoyarlay.com/index.php/entertainm






Kuala Lumpur Time
0 comments:
Post a Comment