ကျော်ကျော်ဗိုက ဂရိတ်ဦးဘိုးစိန်ရဲ့ နှစ် ၁၃ဝ ပြည့်ပွဲမှာ ပါဝင် ကပြဖျော်ဖြေ မှာဖြစ်ပြီး
သဘင်ပညာရှင်တွေကို ဂုဏ်ပြုတဲ့သဘောနဲ့ ပါဝင်ဖြစ်တာလို့ဆိုပြီး သဘင်မျိုးရိုး လည်းဖြစ်၊ သဘင်ကလာတာလည်းဖြစ်တာကြောင့် ဒီလို စုစုစည်း စည်းပွဲမှာ တစ်ထောင့် တစ်နေရာ ကနေ ပါဝင်တာလို့ ဆိုပါတယ်။
”သဘင်နဲ့ ပတ်သက်ပြီး ကျွန်တော်က စင်ပေါ်မတက်ဖြစ်တာများပေမယ့် အငြိမ့် အနေနဲ့တော့ တက်ဖြစ်နေတယ်။ သဘင်နဲ့ ပတ်သက်ပြီး ညီအစ်ကိုမောင်နှမတွေစုစည်း ပြီး လုပ်ကြတာကြောင့် ပါဝင်ဖြစ်တယ်။ သဘင်ဘက်မှာလည်း သဘင်မင်းသားပါပဲ။ ရုပ်ရှင်သရုပ်ဆောင်အနေနဲ့မဟုတ်ပါဘူး။ ရုပ်ရှင်ဂီတပွဲတွေက ပရိသတ်တွေနဲ့ ထိတွေ့နေ ကြတာများတယ်။ သဘင်မှာက ဒီလိုပွဲကြီး အနေနဲ့ သိပ်မလုပ်ဖြစ်ဘူးလေ” လို့ ပြောပြ ပါတယ်။ ကျော်ကျော်ဗိုက ဇူလိုင်လ ၂ ရက် နေ့မှာ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ ဒိန်းမတ် စတဲ့ ၄ နိုင်ငံကို ဖျော်ဖြေရေးအဖြစ် ‘နှင်းဆီ’ အဖွဲ့နဲ့အတူ သွားရောက်ဖြစ်မယ်လို့သိရပါ တယ်။ စပိန်ကိုလည်း အလည်အဖြစ်သွားဖို့ အစီအစဉ်ရှိတယ်လို့ ဆိုတာကြောင့်…
”ဖျော်ဖြေရေးခရီးစဉ်ထဲမှာတော့ စပိန် တော့မပါဘူး။ အချိန်ကလည်းရတယ်ဆိုတော့ ရောက်လက်စနဲ့ သွားရင်သွားဖြစ်မယ်။ တအားပင်ပန်းရင်သာ မသွားဖြစ်မှာ။ ဒါပေမဲ့ သွားဖို့များတယ်။ ဒီတစ်ခေါက်က ကြာမှာဆိုတော့ သမီးကတော့မပါဘူး။ သမီးက၂ နှစ်ကျော်ပဲ ရှိသေးတော့ ခရီးဝေးသွားလည်း သွားခဲ့မှန်း မှတ်မိမှာ မဟုတ်ဘူးလေ။ သမီးမှတ်မိလောက်တဲ့အရွယ်မှ ခေါ်မယ်။ အမျိုးသမီးကတော့ ပါမယ်။ ဖျော်ဖြေရေးကတော့ အငြိမ့်နဲ့ သီချင်းဆိုပေါ့။ အငြိမ့်ကရင်တော့ အမြဲတမ်း အကောင်းဆုံးဖြစ်အောင် လုပ်တာပဲလေ။ နိုင်ငံခြားသွားတယ်ဆိုတာ ပိုက်ဆံတအားပေါ လို့လည်းသွားတာမဟုတ်ဘူး။ အချိန်တွေ သိပ်အားလို့လည်း မဟုတ်ပါ ဘူး။ ပြည်တွင်းမှာလည်း ကိုယ့်ကိုအားပေးတဲ့၊ မေတ္တာထားတဲ့ ပရိသတ်တွေကို ဖျော်ဖြေသလို ပြည်ပမှာလည်း ကိုယ့်နိုင်ငံသူ၊ နိုင်ငံသားတွေက အားပေးနေတဲ့သူတွေ ရှိတော့ သူတို့အတွက် တစ်နှစ်တစ်ခါလောက်ထွက်ပြီး ဖျော်ဖြေပေး ဖြစ်တာပါ” လို့ပြောပြခဲ့ပါတယ်။
www.yoyarlay.com/entertainment/entertainment/art/27427-2012-06-25-06-09-48
0 comments:
Post a Comment