http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

16 Jun 2012

ဒေါ်အောင် ဆန်း စု ကြည် နဲ့  နော်ေ ၀ ၀န် ကြီး ချုပ် မြန် မာ နိုင် ငံ မှာ ရင်းနှီးမြုပ်နှံ ဖို့ ကိစ္စ ဆွေးနွေး

2012-06-15T173742Z_1223901997_GM2E86G04DB01_RTRMADP_3_MYANMAR-SUUKYI
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဇွန်လ ၁၅ ရက်နေ့  ညနေ မှာ နော်
ဝေ နိုင်ငံ အော်စလို မြို့  ဆိုက်ရောက် သွား ခဲ့ ပါတယ်။ ဆွစ်ဇာလန် နိုင်ငံ ဘန်း မြို့  မှာ ပြု လုပ်တဲ့
သတင်း စာရှင်း လင်း ပွဲ မှာ ခရီး ပန်းလာ မှု ကြောင့် မူးဝေ အော့အန် မှု ဖြစ်ခဲ့ ပေမယ့် နောက်တစ်
နေ့ မှာ ဘန်းမြို့ တော်ဝန် ရဲ့  လိုက်ပါ ပို့ ဆောင်မှု နဲ့  မြို့ တော်တ၀ှမ်း အထင် ကရ နေရာ များ ကို
လှည့်လည် ကြည့်ရှု ကာ ဆွစ် ကျောင်းသားလူငယ် တွေ ပြည်သူတွေ နဲ့  လည်း တွေ့ ဆုံမှု ပြုခဲ့ပြီး
အမှတ် တရ လက်မှတ် ရေးထိုး ခဲ့ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကို နော်ဝေ နိုင်ငံ က နိုဘယ်ငြိမ်ချမ်းရေး ဆုရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ
Thorbjoern Jagland နဲ့  ဒေသ ဆိုင်ရာဝန်ကြီး တစ်ဦး တို့  က နော်ဝေ လေဆိပ် မှာ သွားရောက်
ကြိုဆို ခဲ့ ပြီး နော်ဝေ နိုင်ငံခြား ရေး ၀န်ကြီး နဲ့  ပူးတွဲ သတင်းစာ ရှင်လင်း ပွဲ ပြု လုပ်ခဲ့ ပါတယ်။
နော်ဝေ ၀န်ကြီးချုပ် Jens Stoltenberg က ည ပိုင်း မှာ အစိုးရ အိမ်တော် ကို ဖိတ် ခေါ် ပြီး ညစာစား
ပွဲ တည့် ခင်း ဧည့်ခံခဲ့ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဟာ မနက်ဖြန် မှာ ၁၉၉၁ ခုနှစ် က သူ ရရှိခဲ့ တဲ့ နိုဘဲလ် ငြိမ်းချမ်း ရေး ဆု ကို
တက်ရောက် လက္ခံ ရယူ မှာ ဖြစ်ပါတယ်။
နော်ဝေ ၀န်ကြီးချုပ် နဲ့  တွေ့ ဆုံ စဉ် မှာ ဒေါ်အောင်ဆန်းစုကြည် က မြန်မာ့ ဒီမိုကရေစီ ဟာ ခရီး အစ
သာ ရှိ သေးကြောင်း ၊ ခရီးလမ်းဆုံး မဟုတ် သေးကြောင်း ၊ အစ ခရီး ပေမယ့် ရှည်လျှား ပြီးခက်ခဲ
တဲ့ ဒီမိုကရေ စီ လမ်းကြောင်း ရှည် ကြီး ကို လျှောက်လှမ်း ရ မှာ ဖြစ်တယ် ” ပြောခဲ့ ပါတယ်။
နော်ဝေ ၀န်ကြီး ချုပ် က တော့ သူ့  နိုင်ငံ က စီးပွား ရေး လုပ်ငန်း တွေ ကို မြန်မာ နိုင်ငံ မှာ သွား ရောက်
ရင်းနှီး မြုပ် နှံ ဖို့  အတွက် တိုက်တွန်း အားပေး မှာ ဖြစ်တယ် လို့  ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် က မြန်မာ နိုင်ငံ မှာ နိုင်ငံ ခြား ရင်းနှီး မြုပ် နှံ မှု ကုမ္ပဏီတွေ လာရောက် ရင်းနှီး
မြုပ်နှံ ဖို့ သူ လည်း အားပေးပေမယ့် ဒီမိုကရေစီ တန်ဖိုး ၊ လူ့  အခွင့် အရေး တန်ဖိုး နဲ့  ပွင့်လင်း မြင်သာ
မှု တွေ ကို လက်ကိုင် ထား ဖို့  ကိုလည်း သတိပေး ပြောကြား ခဲ့ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရဲ့  နော်ဝေ ခရီး စဉ် မှာ နော်ဝေ ရောက် မြန်မာ နိုင်ငံသား တွေ နဲ့  စကင်ဒီနေ
ဗီးယား ဒေသ မှာ နေ ထိုင် ကြ တဲ့ မြန်မာ နိုင်ငံ သား တွေ လည်း ဒေါ်အောင်ဆန်းစုကြည် ကို လာရောက်
ကြို ဆို ခဲ့ ကြပါတယ်။
ဥရော ပ သတင်းစာ တွေ က တော့ ဒေါ်အောင်ဆန်းစုကြည် ကို တောင်အာဖရိက ခေါင်းဆောင် ဟောင်း
နယ်(လ)ဆင် မင်ဒဲလား နဲ့  ခိုင်းနှိုင်း ပြီး ဂုဏ်ပြု ရေးသား ကြပါတယ်။ 
freedomnewsgroup.com/2012/06/16/assk-euro-tour-2/#more-26605

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif