မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။ ယင်း တိုက်ရိုက်လေကြောင်းလိုင်းကို အပတ်စဉ်ပြေးဆွဲ သွားမည်ဖြစ်ကြောင်းနှင့် စက်တင်ဘာ ၁၃ ရက်နေ့တွင် စတင် ရန် စီစဉ်နေကြောင်း Korean Air Lines က ပြောဆိုသည်ဟု Korea Times သတင်းက ဖော်ပြသည်။ ယခင်က တိုက်ရိုက်လေကြောင်းလိုင်း မရှိခဲ့ဖူးကြောင်း သိရသည်။
burma.irrawaddy.org/archives/13128
0 comments:
Post a Comment