ရန်ကုန် ဇွန် ၂၃ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ဇွန်လ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သော ရခိုင်တိုင်းရင်းသား ၁၀ ဦး အသတ်ခံရမှုတွင် ပြစ်မှု ကျူးလွန်သူ ဟု ယူဆရသူ ဘင်္ဂါလီ (၅၀)ကျော်ကို ယခုရက်ပိုင်းအတွင်း သက်ဆိုင် ရာက ဖမ်းဆီးထားပြီဖြစ် ကြောင်း ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက The Voice Weekly သို့ပြော ကြားသည်။
" ကြာသပတေးနေ့က ၂၂ ဦးဖမ်းတယ်။ ကျန်၃၁ဦးကိုတော့ မနေ့ကဖမ်းတယ်။"ဟု ၄င်းကဆိုသည်။
အဆိုပါ ဆူပူ အကြမ်းဖက်သူ ဘင်္ဂါလီများသည် ဇွန်လ ၁၉ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ရခိုင် တိုင်းရင်းသား များနေထိုင်ရာ ကူတောင် ကျေးရွာမှ ရွာချေရွာကို ဝင်ရောက် မီးရှို့ခဲ့ကြောင်း၊ အဆိုပါ မီးရှိ့သူ ဘဂါင်္လီများကို ပြန်လည်တုံ့ပြန်ရန် လိုက်ပါသွားသော ရခိုင်တိုင်းရင်းသား များမှာ အနောက်ပြင်ရွာအနီးသို့ အရောက်တွင် အုပ်စုဖြင့် စောင့်ဆိုင်းနေသော ဘင်္ဂါလီ များက သတ်ဖြတ်ခဲ့ပြီး အလောင်းများကိုပါ ဖျောက်ဖျက်ခဲ့ကြောင်း ရသေ့တောင် ရဲတပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။
ယင်းအကြမ်းဖက်မှုကြောင့် ရခိုင် တိုင်းရင်းသား ၁၀ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာ ရရှိကာ ဘင်္ဂါလီ ၂ဦးသေဆုံးခဲ့ကြောင်း ရသေ့တောင်မြို့နယ် ဒေသခံများကို ဆက်သွယ် မေးမြန်းချက် အရ သိရှိရသည်။
ရခိုင်ပြည်နယ် တွင်ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှုများကြောင့် သေဆုံးသူ ဦးရေမှာ ၆၂ ဦးထိ ရောက်ရှိလာခဲ့ကြောင်း ပြည်နယ် အစိုးရအဖွဲ့က တရားဝင် သတင်းထုတ်ပြန် လိုက်သည်။
www.thithtoolwin.com/2012/06/blog-post_24.html






Kuala Lumpur Time
0 comments:
Post a Comment