http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

22 Jun 2012

ခေတ်မီ၊ပွင့် လင်း၊ ရိုး သားဖို့ လို ပြီ ဆို တဲ့ ခန့် စည် သူ

လတ်တလောမှာ သရဲဇာတ်ကား ရိုက်ကူးမှုတွေ အရိုက် များနေ တဲ့ ခန့်စည်သူ က
ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) နဲ့ 'ခန္ဓာ အငှား'ဆိုတဲ့ ဇာတ်ကားမှာ စိတ်ရောဂါအထူး ကုဆရာဝန်၊ အကြားအမြင် ရနေတဲ့သူ တစ်ယောက် အဖြစ် သရုပ်ဆောင်ထားပါတယ်။ 'ခန္ဓာအငှား' ဇာတ်ကားမှာ ဆင်ဆာခွင့်ပြု ချက်တွေ ရနေပြီဖြစ်ပေမယ့် ဒီဇာတ်ကားမှာ ဆင်ဆာတင် တဲ့အခါ ဆင်ဆာပြင်ဆင်ချက် ထွက်လာတယ်လို့ ဆိုတဲ့ ခန့်စည်သူက..
''ဆင်ဆာပြင်ဆင်ချက် ဆိုပြီး ထွက်လာတယ်။ ဝိညာဉ်နဲ့ ပတ်သက်တဲ့ အသုံးအနှုန်း စကားကို ဖြတ်ပေးရမယ်။ တခြားသူများရဲ့ လက်ကိုကိုင်ပြီး အကြားအမြင်ရတဲ့ပုံစံက ယုတ္တိမရှိဘူး။ သရုပ်လွန်ပြကွက် များဖြတ်ပါ ရန် လို့ ပြောထားတယ်။ နိုင်ငံခြားမှာဆို ဘတ်မန်းတို့၊ စပိုက်ဒါမန်းတို့ ဆိုတာ ပေါ်လာစရာ မရှိဘူး။ ပြောင်းလဲလာတဲ့ ဒီမိုကရေ စီခေတ်မှာ ဒါမျိုး ဆင်ဆာပြင်ဆင်ချက်တွေ က ခေတ်မမီတော့ဘူးလို့ ယူဆတယ်။ ဇာတ် တစ်ပုဒ် အနေနဲ့ တင်ပြတာလေ။ နောက်သရဲ၊ တစ္ဆေကို လက်ခံသော်လည်း ဝိညာဉ်အသုံး အနှုန်းကို လက်မခံဘူးလို့ပြောတယ်။ စာရေး ဆရာတွေလည်း ဝိညာဉ်နဲ့ ပတ်သက်ပြီး ရေးတာပဲလေ။ အားလုံးက ဝိညာဉ် ဆိုတာကြီးကို ရင်းနှီးနေပြီလေ။ ဒါက ယုံချင်ယုံ၊ မယုံချင်လည်းနေလေ။ ဖျော်ဖြေမှု တစ်ခုအနေနဲ့ ပြတာလေ။
ငယ်ငယ်တုန်းကဆို 'ဆရာမနိုင် နှစ်ဆောင်ပြိုင်' ၊'ရွှေဂူကြီးရွှေဂူလေး'၊ 'ဒေးစွန် ပါသိုက်' တို့ဆို ကြည့်ခဲ့တာ သိပ်သဘောကျ တယ်။ ဒါပေမဲ့ အဲဒီလောက်ကြီး မီအောင် မရိုက်နိုင်ဘူးပေါ့။ အဲဒါ မျိုးတွေ မြင်တွေ့ခွင့်မှ မရတာ။ ကြည့်ချင်ရင် မလေးရှားစုန်းကား၊ အင်္ဂလိပ် သရဲကားတွေပဲ ကြည့်နေရတာ။ မြန်မာသရဲကားမှ မကြည့်ရတာ။ သရဲကား၊ ဝိညာဉ်ကားတွေကြည့်ချင်တော့ အခုခေတ် စားလာတာပေါ့။ ကိုယ်တွေက မလုပ်ဖူးတာ တွေ၊ မရိုက်ဖူးတာတွေ အဓိကထား လုပ်ချင်တာပေါ့။ ခေတ်မီ၊ ပွင့်လင်း၊ ရိုးသားဖို့ လိုလာပါပြီလို့ ပြောချင်ပါတယ်''လို့ ပြောပြခဲ့ပါတယ် ။ 
www.yoyarlay.com/entertainment/entertainment/art/27349-2012-06-22-05-31-01

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif