http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

5 Jun 2012

ထောင် ကျ ခံ ခဲ့ ရေ သာ ကျောင်း သား များ ကျောင်းပြန် တက် ခွင့် တောင်း ဆို

ထောင်ကျ ခံခဲ့ရသော ကျောင်းသားများ ကျောင်းပြန်တက်ခွင့် တောင်းဆို
၂၀ဝ၇ ခုနှစ် ရွှေဝါရောင် စစ်ဆင်ရေး ကြောင့် အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျ ခံရသော ကျောင်းသားများ ကျောင်းပြန်တက် ခွင့်ရရေး နိုင်ငံတော် သမ္မတထံ တောင်းဆို ခဲ့ကြကြောင်း အကျဉ်းခံခဲ့ ရပြီးသော ကျောင်းသား ကိုဒီငြိမ်း လင်းကပြောသည်။
အကျဉ်းထောင် အသီးသီးက ကျောင်းသားတွေအတွက် ကျောင်း ပြန်တက်ခွင့်ကို ၂၀၁၂ခုနှစ် ဖေဖော် ဝါရီ၇ရက်မှ စ၍ တက္ကသိုလ်အသီး သီးက ပါမောက္ခများထံ စာတင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ “ပညာသင်ကြားခွင့်ရမယ်လို့ ရာခိုင်နှုန်းပြည့် ပြောလို့ မရပါဘူး” ဟု ကိုဒီငြိမ်းလင်းကပြောသည်။
“၂၀၁၂ခုနှစ် မေ ၁၆ရက်တွင် ကိုရဲမင်းဦး၊ မနွဲ့နှင်းရည်၊ ကိုစည် သူမောင်၊ ကိုရမင်းဦး၊ ကိုရဲမြတ်ဟိန်းတို့ နိုင်ငံတော်သမ္မတထံစာ တင်ခဲ့ပါတယ် ၂၀၁၂ခုနှစ် မေ ၃၀ ရက်မှာ ကျောင်းပြန်တက်ရောက် ခွင့်ပြုဖို့ လှမ်းအကြောင်းကြားခဲ့ပါ တယ်၊ ဒါပေမဲ့ ရန်ကုန်တိုင်း အ နောက်ပိုင်းတက္ကသိုလ် ပါမောက္ခ ချုပ်နဲ့ မိဘတွေ့ဆုံခဲ့ပြီးရင် နိုင်ငံ တော်သမ္မတဆီ ဆွေးနွေးမှုမှတ် တမ်းကိုတင်ပြသွားမယ်လို့ ပြောခဲ့ ပါတယ်။ နိုင်ငံတော် သမ္မတက ကျောင်းတက်ခွင့်၊ မတက်ခွင့်ကို သူ အကြောင်းပြန်မည် ဖြစ်ကြောင်း အနောက်ပိုင်း တက္ကသိုလ်တစ်ခုထဲ သာလျှင် ဒီလိုအကြောင်းပြန်ကြား ခြင်းရှိခဲ့ပါတယ်”ဟု ၄င်းကဆက် လက်ပြောကြားခဲ့သည်။
လက်ရှိတွင် စီးပွားရေး၊ ဒဂုံ၊ အရှေ့ပိုင်းတက္ကသိုလ်များတွင် တက်ရောက်ခဲ့ကြသည့် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာကြသော ကျောင်းသား ကျောင်းသူ များလည်း ရှိသေးကြောင်း သိရသည်။ 
www.yoyarlay.com/index.php/loca

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif