 ဆီးရီးယားက ကလေးငယ် များအား စစ်ပွဲများမှာ လူသား ဒိုင်းများ အဖြစ်
ဆီးရီးယားက ကလေးငယ် များအား စစ်ပွဲများမှာ လူသား ဒိုင်းများ အဖြစ် အသုံးပြု ထားသောကြောင့် လူများအစုလိုက် အပြုံ လိုက်သေဆုံးမှုများ  ဖြစ်ပွားနေရသည် ဟုဆိုကာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက  ဆီးရီးယားအစိုးရ ကို ယခုအခါ ပြင်းထန်စွာရှုတ်ချလိုက်ပြီဖြစ်သည်။
“ဆီးရီးယားမှာ ဆယ်နှစ်တောင် မပြည့်သေးတဲ့ ယောကျာ်း လေးတွေကိုရော၊  မိန်းကလေးတွေကိုပါ လိင်ပိုင်းဆိုင်ရာ စော်ကား ခံရမှုတွေ ကျူးလွန်နေတဲ့အပြင်၊  သူတို့ကို လူသားဒိုင်းတွေ အနေနဲ့ ပါ အသုံးချပြီး၊ ဖမ်းဆီး၊ နှိပ်စက်၊  သတ်ဖြတ်ကြတဲ့ ရက်စက်မှုမျိုးကို တော့ ကမ္ဘာ့ဘယ်နေရာမှာမှ မတွေ့ဖူးပါဘူးဗျာ”  ဟု စစ်ပွဲပဋိပက္ခ များမှာ ကလေးများအရေး ဆောင်ရွက်ပေးနေသော ကုလသမဂ္ဂ မှ  ပြောရေးဆိုခွင့်ရှိသူ ရက်ဒ်ဟီကာကလည်း ဆီးရီးယားအစိုးရ ကို  အပြစ်တင်ဝေဖန်လိုက်သည်။
ဆီးရီးယားအစိုးရက လေယာဉ်များပေါ်မှ ရက်ရက်စက် စက် ပစ်သတ်ခဲ့သောကြောင့်  အရပ်သားအများစုမှာ အချိန်နှင့် အမျှ သေဆုံးနေရသလို တင့်ကားများကိုပါ  တပ်လှန့်ထား၍ပြည်သူများက စိုးရိမ်သောက ရောက်နေရကြောင်း ဒေသခံများ ထံမှ  သိရသည်။
“မြို့ထဲမှာ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ အရပ် သားအများစုက ပိတ်မိနေကြလို့  ဘေးလွတ်ရာကို ထွက်ခွာနိုင် အောင် ကူညီနေပါတယ်”ဟု ဆီးရီးယားအရေး၌ ကုလသမဂ္ဂမှ  အထူးတာဝန်အပ်နှင်းထားသည့်အဖွဲ့ကဆိုသည်။
အခင်းဖြစ်ပွား ရာနေရာသို့ ဘန်ကီမွန်းဦးဆောင်သည့် ကုလသမဂ္ဂ သံတမန်များ  ဝင်ခွင့်ရရေးကို အလေးပေးပြီး ကြိုးစားနေပြီဟုလည်း သိရသည်။  အာရပ်နွေဦးတော်လှန်းရေးမှ ဇာတ်လမ်းစခဲ့သော ဆီးရီးယားအစိုးရ ၏  အကြမ်းဖက်နှိမ်နှင်းမှုများကြောင့် ယခုအခါ ကလေးငယ် ၁၅၀၀ ကျော်မှာ  သေဆုံးသွားပြီ ဟု လူ့အခွင့်အရေး လှုပ်ရှားပေးနေသော အဖွဲ့အစည်းများက  သတင်းထုတ်ပြန်ထားကြသည်။
လူပေါင်းရာချီသေဆုံးခဲ့သော အဆိုပါလုပ်ရပ်များကြောင့် လည်း တိုင်းပြည်ကို  ဆယ်စုနှစ်လေးစုကြာ အုပ်ချုပ်လာခဲ့သော သမ္မတ ဘာရှာအယ်အဆက်အား နိုင်ငံတကာမှ  ကမ္ဘာ အဆိုးဆုံး စာရင်းမှာ ထည့်သွင်း လိုက်ခြင်းဖြစ်သည်။ 
www.yoyarlay.com/international/international-news/mid-east/27469-2012-06-26-06-55-57







 Kuala Lumpur Time
  Kuala Lumpur Time 
 
 
 
0 comments:
Post a Comment