.
~
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ဒေသခံတို့ရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၉ ဦး သေဆုံးတယ်လို့ အစိုးရအရာရှိတဦးကို ကိုးကားပြီး AFP သတင်းတပုဒ်မှာ ရေးထားပါတယ်။
မနေ့က Yangon Press International သတင်းတပုဒ်မှာတော့ တိုက်ခိုက်ခံရသူတွေဟာ သံတွဲ - ရန်ကုန် မောင်းတဲ့ အဝေးပြေးယာဉ်မှာ စီးနင်းလိုက်ပါသွားတဲ့ အစ္စလမ်ဘာသာဝင်တွေ ဖြစ်တယ်လို့ သံတွဲမြို့ခံတဦးက ပြောကြောင်း ရေးထားပါတယ်။
ပြီးခဲ့တဲ့တပတ် တနင်္လာနေ့က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ရခိုင် အမျိုးသမီး မတရားပြုကျင့်၊ သတ်ဖြတ်ခံရမှုကြောင့် ဒေသတွင်း တင်းမာမှုတွေ ကြီးထွားခဲ့တာပါ။ ဒီအကြောင်း တောင်ကုတ်မြို့မှာ ရေးသား ဖြန့်ဝေမှုတွေ ဖြစ်ပေါ်အပြီး မကျေမနပ်ဖြစ်နေကြချိန်မှာ တိုက်ခိုက်မှု ပေါ်ပေါက်လာတာပါ။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း အလိုမရှိ ဆိုပြီး ပြောဆိုနေသူတွေလည်း ရှိပါတယ်။
သမ္မတရုံးအရာရှိတဦးကတော့ တောင်ကုတ်မြို့ အခြေအနေနဲ့ ပတ်သက်ပြီး သူ့ရဲ့ Facebook မှာ အခုလို ရေးသားထားပါတယ်-
ဖြစ်ခဲ့သောကိစ္စရပ်များမှာ စိတ်မကောင်းစရာ ဖြစ်သလို စတင်ဖြစ်ပွားစေခဲ့သည့် ဖြစ်ရပ်မှာလည်း မဖြစ်သင့်သော အနေအထား ဖြစ်ပါသည်။ ထို့အတူ နောက်ဆက်တွဲ ဆက်လက် ဖြစ်ပေါ်လာသည့် နောက်ဆုံးဖြစ်ရပ်မှာလည်း စိုးရိမ်ပူပန်ဖွယ်ရာ အနေအထား ဖြစ်နေပါသည်။
အထက်တန်းကျသော စိတ်ဓါတ်များကို မွေးမြူခြင်းဖြင့် သွေးဆူလွယ်၊ သွေးကြွလွယ်သော အနေအထား၌ ယမ်းအုံကို မီးနှင့်ရှို့သလို မဖြစ်စေရန်လည်း တိုက်တွန်းလိုပါသည်။ သမိုင်းနှင့်ချီသော ဖြစ်ရပ်ဆိုးများ ကျွန်တော်တို့ ခေတ်တွင် မတွေ့ကြုံလိုသည်မှာ ကျွန်တော်တို့အားလုံး၏ ရင်ထဲမှ ဆန္ဒဟူ၍ လေးလေးနက်နက် ယုံကြည်ထားပါကြောင်း မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။
တချိန်တည်းမှာပဲ ပြည်နယ်မြို့တော်စစ်တွေမှာလည်း အဓိကရုဏ်း ဖြစ်ပွားခဲ့ပါတယ်။ စနေနေ့ စစ်တွေ အဓိကရုဏ်းကတော့ ကျောက်နီမော် ဖြစ်ရပ်နဲ့ မသက်ဆိုင်ဘဲ ရဲတွေနဲ့ ဆန္ဒပြသူတွေအကြား ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခလို့ သိရပါတယ်။
blog.irrawaddy.org/2012/06/blog-post_5135.html






Kuala Lumpur Time

0 comments:
Post a Comment