http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 Jun 2012

သ တိ တစ် ချက် အ လွတ် မှာ မိုးရေ ထဲ မျော ပါ သွား တဲ့ (၈) နှစ် သား ကလေး

သတိ တစ်ချက် အလွတ်မှာ မိုးရေထဲ  မျောပါသွားတဲ့ (၈) နှစ် သားကလေးခဏတာ မျှသော အချိန်လေးမှာ သတိတစ်ချက် လွတ်မိတာနဲ့ မိုးရေး ထဲ မျောပါ သွားရ ရှာတဲ့ ကလေးငယ်လေးရဲ့ အကြောင်းကတော့ မကွေးမြို့မှာ ကြားရတဲ့ သူတိုင်းက စိတ်မကောင်း ဖြစ်နေကြရတဲ့ ဖြစ်ရပ် တစ်ခုပါ။ သို့ပေမယ့် သေခြင်း တရား ဆိုတာက ဘယ်သူမှ ရှောင်လွှဲလို့ မရနိုင်တဲ့ “အနိစ္စ” တရားပါပဲ။ ကိုယ့်ရဲ့အကြောင်းတရား အကျိုးတရား ဆက်စပ်မှုမှာ အသက်ရှည်စွာ နေရဖို့ ဆိုတာက ကိုယ့်ရဲ့ ကံတရားနဲ့ အဓိက ပတ်သက်နေတာပါ။ ကိုယ့်အလှည့်က ဘယ်လို ကြုံကြရမယ် ဆိုတာလည်း ဘယ်သူကမှ သေသေချာချာ မပြောနိုင်ပါဘူး။
“မိုး” စနေ၊ “လေ” ရာဟု ဆိုတဲ့စကားအတိုင်း ၁၆.၆.၂၀၁၂ နေ့က စနေမိုးသည် မကွေးမြို့အဖို့ မိုးရာသီရဲ့ ပွဲဦးထွက် အသည်းထန်ဆုံးလို့ ဆိုနိုင်ပါတယ်။ “မိုး” ကို တောင့်တနေတဲ့ မကွေးမြို့က ပြည်သူများဟာ မိုးသည်းထန်မှုကို ကြိုဆိုရင်း လူကြီးကော လူငယ်ကလေးတွေကော မိုးရေထဲ ပျော်မဆုံးမော်မဆုံး လှုပ်ရှား သွားလာနေကြပါတယ်။ မမျှော်လင့်ဘဲ ကလေးငယ် တစ်ဦးဟာ မိုးရေထဲ မျောပါသွားရင်း သေဆုံးခဲ့ပါတယ်။ ဖြစ်စဉ်က ဒီလိုပါ။ မကွေးမြို့၊ အောင်ဇေယျာရပ်ကွက် (၅) လမ်းနေ အဖ ဦးခင်မောင်ဝင်း၊ အမိ ဒေါ်ခင်ဝေတို့ဟာ သားသမီး (၈) ယောက်နဲ့ သုံးပင်အိမ်ကလေး (မြေစိုက်) အဆောက်အဦးနဲ့ပဲ နေရရှာပါတယ်။ ညနေ (၅) နာရီခန့်မှာ မိမိတို့ (၅) လမ်း အရှေ့ထိပ် ကုန်းမြင့်ယံမှာပဲ သားဖြစ်သူနဲ့ သမီးငယ်တို့ဟာ သူငယ်ချင်းများနဲ့အတူ မိုးရေထဲမှာ ဆော့ကစား နေကြစဉ်မှာ မမျှော်လင့်ဘဲ မိုးရေများ သည်းထန်စွာ ရွာသွန်းလာပါတယ်။ မိုးများလွန်းလို့ မိခင် ဒေါ်ခင်ဝေဟာ သမီးငယ်ကို ခေါ်ပြီး သားဖြစ်သူကိုလည်း အိမ်ထဲဝင်ဖို့ လှမ်းပြီး အော်ဟစ်ခေါ်ပါတယ်။ သားဖြစ်သူက “အမေ ခဏနေရင် လာမယ်” ပြောဆိုရင်း ရေထဲကစားနေလေရဲ့။
မိခင်မှာ ခင်ပွန်းဖြစ်သူ မရှိလို့ မိမိ တစ်ယောက်တည်း ရှိတာမို့ မိုးရေပေါက်နေတဲ့ ခေါင်မိုးကို ဖာထေးနေရင်း သားဖြစ်သူ “မောင်တင်ဖြိုးဝေ” (၈) နှစ်သားကို ဆက်လက်ခေါ်ယူဖို့ မေ့လျော့သွားခဲ့ပါတယ်။ မောင်တင်ဖြိုးဝေကလည်း သူငယ်ချင်း နှစ်ယောက်နဲ့အတူ ရေစီးသန်တဲ့ တစ်ခြားလမ်း တစ်နေရာကို ရောက်ရှိသွားပါတယ်။ မိုးရေထဲ မျောပါလာတဲ့ လူသုံးကုန်ပစ္စည်းများကို သူငယ်ချင်းများနဲ့အတူ ဆယ်ယူနေကြစဉ်မှာပဲ မမျှော်လင့်ဘဲ ရေစီးထဲ မျောပါသွားပါလေရော။ သူငယ်ချင်းများက ကိုက် (၅၀၀) ခန့် ဝေးတဲ့ တင်ဖြိုးဝေရဲ့ နေအိမ် လာရောက် ပြောဆိုပေမယ့် မိခင်နဲ့ တာဝန်သိ ပြည်သူများဟာ ကလေးငယ်ကို လိုက်လံ ရှာဖွေကြပါတယ်။ ညပိုင်း (၈) နာရီခန့်မှာ Love Garden (အချစ်ဥယျာဉ်နန်းတော်) စားသောက်ဆိုင်ရဲ့ အဆောက်အအုံရဲ့ ခြေတိုင်မှာ ခွေခွေကလေး အလောင်းကို တွေ့ရပါတယ်။ ဖခင်ဖြစ်သူက ည (၇) နာရီကြမှ လုပ်ငန်းခွင် ပြန်အလာမှာ ရင်ထုမနာ ခံစားကာ ငိုကြွေးကြပါလေရော။ မိခင်ဖြစ်သူက “သမီးငယ်နဲ့အတူ တစ်ပါတည်း မခေါ်ခဲ့တာ မှားလေခြင်း” ဟု ဆိုကာ ငိုကြွေးနေလေရဲ့။ မောင်တင်ဖြိုးဝေဟာ အမက (၁၂) ဒုတိယတန်း ကျောင်းသားဖြစ်ပြီး ပညာထူးချွန်သူ တစ်ဦးဖြစ်ကြောင်း လေ့လာ သိရှိခဲ့ရပါတယ်။ 
www.yoyarlay.co

1 comments:

  1. သနားစရာပါပဲဗျာ....
    ဘယ်တတ်နိုင်မလဲ သူရဲ့ကံပဲပေါ့....

    ReplyDelete

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif