http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

11 Jun 2012

ငြိမ်း ချမ်း စွာ အ တူ ယှဉ် တွဲနေ ထိုင်ေ ရး

ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး
မြန်မာနိုင်ငံတွင် မကြာသေးခင် ရက်ပိုင်းများ အတွင်း အလုပ်သမား၊ လယ်သမား အခွင့်အရေးဆိုင်ရာ ကိစ္စများ၊ လျှပ်စစ်စွမ်းအင် ဆိုင်ရာ ပြဿနာများနှင့် လူမျိုးရေး၊ ဘာသာရေး ဆိုင်ရာပဋိပက္ခ အချို့ ဖြစ်ပေါ် ခဲ့ပါသည်။ သီအိုရီ သဘောအရ အာဏာပိုင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းသော နိုင်ငံတိုင်းတွင် ဆိုခဲ့ပါ ပြဿနာ များနှင့် ထပ်တူ နီးပါး မဟုတ်သော်လည်း အလားတူ ပြဿနာ များ ကြုံတွေ့ရစမြဲ ဖြစ်ပါသည်။
အဓိကကျသည်မှာ ကြုံတွေ့လာသော ပြဿနာ များကို ကိုင်တွယ် ဖြေရှင်းပုံ အပေါ် မူတည်ပြီး ပြေလည်မှု၊ ငြိမ်းချမ်းမှု အနှေးနှင့် အမြန် ရရှိနိုင်ခြင်း ပင် ဖြစ်ပါသည်။ ပြီးခဲ့သည့် ပြဿနာများ အပေါ်တွင် ဘာသာရေးဆိုင်ရာ အသင်း အဖွဲ့များနှင့် ၈၈မျိုးဆက် ကျောင်းသားများက ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး အလို့ငှာ ငြိမ်းချမ်းရေး စေ့စပ် ညှိနှိုင်းမှုများ၊ ငြိမ်းချမ်းရေး သဘော ထား ကြေညာချက်များ ထုတ်ပြန်ကာ တတ်စွမ်းသမျှ ငြိမ်းချမ်းရေး အကျိုး ဆောင်ကြဉ်းခဲ့ကြသည်ကို အထူးတလည် အသိ အမှတ် ပြုရ မည်ဖြစ်ပါသည်။ အခြားတစ်ဖက် တွင်လည်း ပြန်ကြားရေး ၀န်ကြီးဌာနက စီစဉ်၊ ရေးသား၊ တည်းဖြတ်၊ ထုတ်ဝေ၊ ထုတ်လွှင့်သော နိုင်ငံပိုင် မီဒီယာများတွင် ရခိုင်ပြည်နယ် တွင်ဖြစ်ပေါ်ခဲ့သော မှုခင်းတစ်ခုကို သတင်း စာပညာနှင့် မလျော်ညီသည့် သတင်း တင်ပြပုံ၊ စကားလုံး အသုံးအနှုန်း များဖြင့် ဖော်ပြခဲ့ပါသည်။ စင်စစ်အားဖြင့် အစိုးရကို ကိုယ်စားပြုနေသော မီဒီယာတစ်ခုအနေနှင့် မမှားသင့် မမှားထိုက်သော အမှားမျိုး ဖြစ်သော်လည်း နောက်တစ်နေ့ထုတ် သတင်းမီဒီယာ များတွင် အမှားပြင်ဆင်ချက် ဖော်ပြပေးခဲ့ခြင်းကိုမူ တာဝန်သိစိတ် ရှိသည်ဟု သတ်မှတ် ရမည်ဖြစ်ပါသည်။
သို့သော် အဆိုပါသတင်းကြောင့် နစ်နာသူနှစ်ဖက် စလုံးကို နိုင်ငံတော်နှင့် ပြည်သူလူထု တစ်ရပ်လုံးအား အလုပ်အကျွေး ပြုရမည့် အစိုးရ ကိုယ်စား၊ ပြန်ကြားရေး ၀န်ကြီးဌာနကိုယ်စား လူထု ဆက်ဆံရေး သဘောအရ တောင်းပန် လိုက်ပါက လက်တွေ့တာဝန်ယူ၊ တာဝန်ခံစိတ်ရှိသူအဖြစ် နိုင်ငံသား အားလုံး၏ အသိအမှတ်ပြုမှု ရရှိသွား နိုင်ပါသည်။ ထို့အတူ အင်တာနက် လူမှုရေး ကွန်ရက်များမှတစ်ဆင့် ခိုင်မာတိကျမှု၊ ယုံကြည်စိတ်ချမှုအားနည်းသော ကောလာဟလသတင်းများ၊ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခကို ဦးတည်စေသော သွေးထိုးလှုံ့ဆော်မှုများ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအလှတရားကို ဖျက်ဆီးလိုသော ၀ါဒဖြန့်သွေးခွဲမှု များကိုလည်း အထူးသတိထား ဆင်ခြင်ရမည်ဖြစ်ပါသည်။ ယနေ့ကာလတွင် လက်ရှိ အရပ်သားအစိုးရ အပါအ၀င် မဏ္ဍိုင်ကြီးသုံးခု အနေနှင့် နိုင်ငံ တည်ဆောက်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တတ်အား သရွေ့ ကြိုးစား အကောင်အထည် ဖော်နေသော်လည်း အပြောင်းအလဲ ကြောင့် မူလကရရှိထားခဲ့သည့်အခွင့်အရေး၊ အာဏာနှင့် စည်းစိမ်ဥစ္စာများ လျော့ပါး သွားမည်စိုးသော သဘောထား တင်းမာသူများ၏ စေတနာဆိုးကြောင့် နောက်ကြောင်းပြန်လှည့်သွားနိုင်သည့် အန္တရာယ်ရှိနေသေးသည်ကို ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီကို လိုလား ချစ်မြတ်နိုးသူအားလုံး အထူးသတိရှိရမည်ဖြစ်ပါသည်။
များစွာ အရေးကြီးသည်မှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာသုံးရပ်အပါအ၀င် ပြည်သူလူထု တစ်ရပ်လုံး အနေနှင့် ဖြစ်ပေါ် လာသော စိန်ခေါ်မှုများ၊ ပြဿနာ အခက်အခဲများ၊ သွေးထိုးလှုံ့ဆော်မှုများကို တရားဥပဒေ နှင့်အညီ စီရင်ဆုံးဖြတ်နိုင်ရေး(၀ါ) တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးတို့အတွက် stakeholder အားလုံး၏စွမ်းရည် capacity ၊ လူ့အဆင့်အတန်း level of being ၊ အသိပညာရေချိန် Knowledge တို့ကို ခေတ်နှင့်အညီ မြှင့်တင် တည်ဆောက်ထားရေးဖြစ်ပါသည်။ ဤနေရာတွင် စတုတ္ထမဏ္ဍိုင်ဖြစ်သော မီဒီယာများ၏ တာဝန်သိစိတ်၊ တာဝန်ယူစိတ်၊ တာဝန်ခံစိတ် နှင့် ပရော်ဖက်ရှင်နယ် ပီသမှု တို့အပေါ် မူတည်ကာ စိတ်ခံစားမှုနည်းနိုင်သမျှ နည်းနည်း ဖြင့် အခြေအနေ အရပ်ရပ်အပေါ် စောင့်ကြည့်၊ ထောက်ပြ၊ အကြံပြုကြပါမည့် အကြောင်း အထူးဖော်ပြလိုပါသည်။ 
www.yoyarlay.com/book/book/article/26978-2012-06-09-06-02-54

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif