http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

25 Jun 2012

လျှပ် တစ်ပြက် ဂျာ နယ် အား ဥ ပဒေ အရေး ယူခြင်း ကို ရုပ် သိမ်းပေး ရန် MJA မှ မတ္တာ ရပ်ခံ

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များနှင့် ပတ်သက် ပြီး သတင်းဖော်ပြ ချက်ကြောင့်
ရန်ကုန် တိုင်း ဒေသကြီး အစိုးရ အဖွဲ့က လျှပ်တစ်ပြက် ဂျာနယ် အယ်ဒီတာ ချုပ်အား ဥပဒေကြောင်းအရ တရားစွဲဆို ထားခြင်းကို ရုပ်သိမ်းပေးရန် မြန်မာနိုင်ငံ သတင်း စာဆရာအသင်း ဖြစ်မြောက်ရေး ကော်မတီ က ယနေ့ရက် စွဲဖြင့် မေတ္တာ ရပ်ခံချက်ထုတ်ပြန်သည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်နှင့် စီးပွားရေး မူဝါဒများ အသွင်ကူးပြောင်းနေချိန်တွင် သတင်းမီဒီယာ များသည်လည်း လိုက်ပါကူးပြောင်းသည်ဖြစ်ရာ အခြားမဏ္ဍိုင်ကြီးသုံးရပ် နည်းတူ ချို့ယွင်းချက်များ အားနည်းချက်များရှိကြမည်ဖြစ်ပါသည်။ တရားစွဲဆိုခြင်း ခြိမ်းခြောက်ခြင်းများသည် အပြန်အလှန် ယုံကြည်မှု နားလည် တည်ဆောက်ရေးအတွက် အဟန့် အတား ဖြစ်စေနိုင်ကြောင်း၊ ယင်းထုတ်ပြန်ချက် တွင်ဖော်ပြသည်။
အသွင် ကူးပြောင်းရေး ကာလ အလျောက် ဖြစ်ပေါ်တတ်သော ချို့ယွင်း အားနည်းမှုများကို တစ်ဖက်နှင့် တစ်ဖက် သဘောထားကြီးစွာ နားလည်ပေးခြင်း၊ အပြုသဘောဆောင် တည့်မတ်ပေးခြင်း၊ စည်းရုံးပညာပေးခြင်း များဖြင့်သာ ဆောင်ရွက်သင့်သည်ဟုလည်း ယုံကြည်သည့်အပြင် လျှပ်တစ်ပြက် ဂျာနယ်အား ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းခြင်းဖြင့် အုပ်ချုပ်ရေး အာဏာအရ အရေးယူပြီး ဖြစ်သည့်အတွက် ဥပဒေ ကြောင်းအရ ထပ်မံ အရေးယူရန် ဆောင်ရွက်မှုများကို ရုပ်သိမ်းပေးပါရန် မြန်မာနိုင်ငံ သတင်းစာဆရာများ ဖြစ်မြောက်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 
www.yoyarlay.com/local-news/local-news/l-local-news/27411-mja

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif