http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

16 Jul 2012

ရန်ကုန်မှာ တက္ကစီ ဖြစ်သွားတဲ့ ဇိမ်ခံကား

(ဓာတ်ပုံ - Pyae Phyo Aung Facebook )

ရန်ကုန်မှာ ကိုယ်တားစီးတဲ့ တက္ကစီက ထိုင်ခုံထဲက စပရိန်တွေ သံချောင်းတွေ ထိုးထွက်နေတဲ့အထိ ဟောင်းနွမ်း အရွယ်ကျနေတာမျိုးနဲ့ ကြုံဖူးပါလိမ့်မယ်။

စုတ်ပြတ်သတ်နေတဲ့ ကားတွေကို အငှားယာဉ် အဖြစ် ဆွဲနေသူများ ရှိသလို ကော့ပျံနေတဲ့ကားတွေကိုလည်း တက္ကစီလုပ်ပစ်လိုက်သူတွေ ရှိလာပါပြီ။

ပုံမှာတွေ့ရတဲ့ တက္ကစီ ဓာတ်ပုံကိုတော့ ဒီလ ၄ ရက်နေ့က ရန်ကုန်မှာ ရိုက်ကူးပြီး အဲဒီနေ့မှာပဲ Facebook ကို ရောက်လာတာပါ။

"Harrier တောင်taxi ဖြစ်သွားရှာပြီနော် harrier စီးနေတဲ့သူတွေဝမ်းနည်းသွားအုံးမယ်" လို့ ဓာတ်ပုံ တင်လိုက်သူက ဆိုပါတယ်။

တိုယိုတာ ဟာရီယာ ကားမျိုးက အရင်တုန်းကဆိုရင် ဈေးကွက်မှာ တစီးကို သိန်း ၃ဝဝ ကျော် ပေါက်ခဲ့ပေမယ့် ကားဈေးတွေ ကျပြီးရင်း ကျနေတဲ့ ဒီကနေ့မှာတော့ ထက်ဝက်နီးပါး ဈေးပြုတ်ကျသွားပါပြီ။

ရန်ကုန်မှာ ကားဝယ်ရောင်းလုပ်နေတဲ့ လူငယ်တဦးရဲ့ အဆိုအရ လက်ရှိ ဟာရီယာ ပေါက်ဈေးက 98 မော်ဒယ် ဆိုရင် သိန်း ၂ဝဝ အောက် ရောက်နေပြီ တဲ့။

ဈေးကျပေမယ့် အရောင်းအ၀ယ် ဖြစ်နေတဲ့ကားတွေထဲ ဟာရီယာ ပါပါတယ်။

ကားမှာ တွေ့ရတဲ့ နံပတ်တွေကတော့ အင်္ဂလိပ်လို ဖြစ်နေပါတယ်။ အခုနောက်ပိုင်း တက္ကစီတွေအတွက်လို့ ဆိုပါတယ်။ ဟိုတုန်းကတော့ ကက။ အခုတော့ AA ဖြစ်နေပါပြီ။

ရန်ကုန်မှာ လှမ်းတားပြီး တက်စီးမိတဲ့ တက္ကစီက ဟာရီယာ ဖြစ်နေပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။
blog.irrawaddy.org/2012/07/blog-post_16.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif