http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

21 Jul 2012

ရိုဟင်ဂျာများ ပြန်ခေါ်ယူရန် မြန်မာကို ဘင်္ဂလားဒေ့ရှ် ပြော


သိန်းနှင့် ချီနေသော ရိုဟင်ဂျာ ဒုက္ခသည်များကို ပြန်လည်ခေါ်ယူရန် မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်းအား ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားဝန်ကြီး ဒီပူ မိုနီက ယမန်နေ့တွင် ခေါ်ယူပြောဆိုကြောင်း သိရသည်။ ရိုဟင်ဂျာများသည် မြန်မာပြည်မှ ဖြစ်ကြောင်း၊ ထို့ကြောင့် ပြန်လည် ခေါ်ယူသင့်ကြောင်း ဒီပူ မိုနီက ပြောဆိုသည်ဟု ဒါကာမှလာသော သတင်းများက ဖော်ပြသည်။   ရိုဟင်ဂျာများသည် မြန်မာနိုင်ငံသား မဟုတ်ကြောင်းနှင့် ဒုက္ခသည်စခန်းများ ဖွင့်ထားပေးပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက အကူအညီပေးရေး အစီအစဉ်ကို စဉ်းစားနေကြောင်း မကြာသေးမီက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနှင့် တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့သည်။ တရားဝင် ကိန်းဂဏန်းများအရ အထောက်အထားရှိသည့် ရိုဟင်ဂျာ ၃ သောင်းနှင့် အထောက်အထားမဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၄ သိန်းခွဲရှိကြောင်း သိရသည်။ 
burma.irrawaddy.org/archives/15335

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif