
ကြံ့ခိုင်ရေးပါတီကြီးရဲ့ ပြောရဲဆိုရဲ ရှိသူ ဦးအောင်သိန်းလင်းကို ပြည်တွင်းပြည်ပ သတင်းသမားများစွာက ခေါ်ယူဆက်သွယ်နေကြပါတယ်။
တရုတ်ပြည်က သတင်းဌာနတခုကို ရဲရဲတောက် အင်တာဗျူး ပေးခဲ့ခြင်းနဲ့ ပတ်သက်ပြီး ကာယကံရှင်ရဲ့ အသံ ရလိုကြတဲ့အတွက် ဆက်သွယ်ကြတာပါ တဲ့။
ဒီရက်ပိုင်း ဦးအောင်သိန်းလင်းရဲ့ ဖုန်းကို ဆက်လိုက်တိုင်း လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင် ဆိုတဲ့ အသံပဲ ကြားနေရတယ်လို့ သတင်းသမားများက ဆိုပါတယ်။
တကယ်ပဲ စက်ပိတ်ထားသလား ဆိုတာကိုတော့ ပြောရဲဆိုရဲရှိသူ ဦးအောင်သိန်းလင်းကို မေးမှ သိနိုင်မှာ ဖြစ်ပါတယ်။
နယ်မြို့ကြီးတခုမှာတော့ ဦးအောင်သိန်းလင်းကို ဆန္ဒပြဖို့ ပြင်ဆင်နေပြီ တဲ့။
ဒီအကြောင်း ဧရာဝတီ ပင်မ စာမျက်နှာမှာ မကြာခင် ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
blog.irrawaddy.org/2012/07/blog-post_4126.html
27 Jul 2012
လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ ....






Kuala Lumpur Time
0 comments:
Post a Comment