http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

25 Jul 2012

မှူးဇော် အတုပေါ်

~

ကိုယ့်နာမည်နဲ့ Facebook အကောင့်တွေ ပေါ်နေတာ အေသင်ချိုဆွေ၊ မိုးဟေကိုတို့လို အဆိုတော်သရုပ်ဆောင်တွေတင် ကြုံနေရတာ မဟုတ်ဘူး၊
သမ္မတရုံး အရာရှိတဦးဖြစ်သူ မှူးဇော်လည်း ကြုံနေရပါပြီ။

မြန်မာFacebook လောကရဲ့ နာမည်ကျော် ၁၀ ဦးထဲ ပါဝင်ဖွယ်ရှိတဲ့ မှူးဇော်က Facebook မှာ သူ့ကို တုပထားတဲ့ အကောင့်တခု ရှိနေတယ်လို့ ဒီကနေ့ ပြောလိုက်ပါတယ်။

ဖဘတွင် ကျွန်တော့်အကောင့်ကို အတုပြုလုပ်ထားသည့် အကောင့်တစ်ခု ပေါ်နေပါသည်။
ယင်းအကောင့်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
http://m.facebook.com/hmuu.zaw.3?_ft_=fbid.109345055878736

---- ရိုဟင်ဂျာအရေးကိစ္စနှင့်ပတ်သက်၍
ပစ်မှတ်ထားဆောင်ရွက်လာခြင်း ဖြစ်ကြောင်း သုံးသပ်ရရှိပါသည်။

ဤနိုင်ငံအတွင်းမှ လွှင့်တင်သော အကောင့်ဖြစ်ပါက ဖော်ထုတ်သွားမည် ဖြစ်ပါသည်။
ပြီးခဲ့တဲ့ နာရီပိုင်းအတွင်း ရေးထားတဲ့ ဒီကြေညာချက်ကို ထုံးစံအတိုင်း လက်ဆင့်ကမ်းသူ အများအပြား ရှိတာ တွေ့ရပါတယ်။

Facebook သူငယ်ချင်း ၅,၀၀၀ ရှိတဲ့ မှူးဇော်ရဲ့ စာမျက်နှာမှာ ဒီကနေ့တော့ ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံခရီးစဉ် ဓာတ်ပုံ အများအပြား ဖော်ပြထားတာ တွေ့ရပါတယ်။

သူ
Facebook မှာ အတုအပ ပြုခံရတဲ့ ပြဿနာက ပြေလည်သွားဟန် တူပါတယ်။
သူဖော်ပြထားတဲ့ လင့်ကို ကြည့်လိုက်တော့ တုပထားတာကို မတွေ့ရတော့ပါဘူး။Facebook သူငယ်ချင်းများက အဲဒီအကောင့်ကို ပိတ်ပင်ဖို့ ၀ိုင်းဝန်း တောင်းဆိုကြတဲ့အတွက် Facebook က အလိုအလျောက် ပိတ်ပင်လိုက်ပြီလို့ ယူဆရပါတယ်။
blog.irrawaddy.org/2012/07/blog-post_8030.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif