
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီး Mr. Antonio Guterresနှင့် သမ္မတ ဦးသိန်းစိန် ဓာတ်ပုံ- သမ္မတရုံး အင်တာနက်စာမျက်နှာ
အခုအချိန်မှာ အငြင်းပွားမှု ကျယ်လောင်နေတဲ့ ရိုဟင်ဂျာ ကိစ္စနဲ့ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ သဘော ထား မှတ်ချက် ထွက်ပေါ်လာပါတယ်။ ယမန်နေ့က ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres နဲ့ တွေ့ဆုံစဉ်မှာ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်တဲ့ စကားကို သမ္မတရုံး ရဲ့ အင်တာနက်စာမျက်နှာမှာ ဒီကနေ့ ဖော်ပြထားပါတယ်။


"တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာ သည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်
ကြောင်း၊ နောက်ဆုံး ဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည် စခန်းအဖြစ် ထားရှိရန် ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေးစောင့် ရှောက်
ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည် ဖြစ်ကြောင်း"
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးနဲ့ တွေ့ဆုံစဉ် ပြောကြားချက် မူရင်းကို ဒီနေရာမှာ လည်း ကလစ်နှိပ်၍ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
blog.irrawaddy.org/2012/07/blog-post_6234.html






Kuala Lumpur Time
0 comments:
Post a Comment