~
ဗိုလ်ချုပ်သန်းရွှေက ဘယ့်သူ့ကိုဖြင့် မကြိုက်တော့ဘူး၊ ဘယ်သူ့ကိုတော့ဖြင့် ဒီအတိုင်း ဆက်မထားချင်တော့ဘူး ဆိုပြီး လေသံပစ်နေတယ် တဲ့။
မသိရင်တော့ လေသံတွေက ဗိုလ်ချုပ်မှူးကြီးဆီကို ၂၄/၇ အချိန်မရွေး ၀င်ထွက်နေသလိုလို ဘာလိုလိုပေါ့လေ။
ဗိုလ်သန်းရွှေ မကြိုက်တော့ဘူး ဆိုတဲ့ လူစာရင်းထဲမှာ ကာကွယ်ရေးဦးစီးချုပ်တောင် ပါနေတယ် တဲ့။
အဖိုးကြီးက ဘယ်လိုပြောနေပြီ၊ Number One ကြီးက ဘယ်လိုပြောနေပြီ ဆိုတာတွေကတော့ ဒီလိုပဲ ကြားနေရတာ များနေပါပြီ။
၁၀ နှစ်ကျော် ဆွဲထားတဲ့ စီမံကိန်းအတွက် စိတ်တိုင်းအကျဆုံးတပည့်တပန်းတွေကို အကွက်ချ နေရာပေးထားတာပဲ။

ဘယ့်သူ့ကိုဖြင့် မကြိုက်တော့ဘူး ဆိုတဲ့ လေသံတွေကို အဖိုးကြီး ပြန်ကြားရင် စာဖတ်ပျက်နေပါအုံးမယ်။
ဗိုလ်ချုပ်မှူးကြီးကို ကိုယ်တိုင်ကိုယ်ကျ ၀င်ပြီး အကွက်ရွှေ့ဖို့ မျှော်လင့်နေသူတွေ၊ လေသေနတ်နဲ့စစ်တိုက်တဲ့သူတွေ နေပြည်တော်နိုင်ငံရေးလောကမှာ ရှိနေတာကတော့ အသေအချာပါပဲ။
blog.irrawaddy.org/2012/07/blog-post_4574.html






Kuala Lumpur Time
0 comments:
Post a Comment