http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

18 Aug 2012

တနှစ်မှာ ၁၃ လ ရှိတဲ့ ဟင်္သာတ စည်ပင်ပြက္ခဒိန်


ကျွန်တော်တို့ ဟင်္သာတမြို့  ပေါ် စည်ပင်သာယာအဖွဲ့က ဈေးတွေမှာ ဆိုင်လခများအား ၃ ဆ မှ ၅ ဆ အထိ တိုးမြှင့် ကောက်ခံနေပါတယ်။

လွန်ခဲ့သော ၂ နှစ်ခန့် မှစပြီး ကောက်ခံနေတာပါ။

ထို့ အပြင် ဆိုင်ခန်းရောင်းချခွင့်  ဆိုပြီး ၁ နှစ် လျှင် ဆိုင်လခ ၁ လစာ တိုးပြီး ပေးဆောင်ရပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ကွန်တော်တို့  ဌေးဝင်းဈေး အပါအ၀င် ဈေးပေါင်းစုံက စည်ပင်အမှုဆောင်အရာရှိ နှင့်  ဈေးအရာရှိ ဦးဝင်းအောင်သူတို့ ကို အကြိမ်ကြိမ် တင်ပြခဲ့ပါတယ်။

သို့သော်လည်း စည်ပင်သာယာ ဥပဒေအရ ဆိုင်ခန်း ရောင်းချခွင့် မှတ်ပုံတင်ကြေးအား ဆိုင်လခ တလစာထက် မပိုသော နှုန်းဖြင့် ကောက်ခံရမည် ဆိုသောကြောင့် တစ်နှစ် ၁၂ လကို တလစာ တိုးပြီး ၁၃ လစာ ကောက်ခံခြင်းဖြစ်ကြောင်း၊ လုံးဝမလျော့ နိုင်ကြောင်း ပြန်ပြောပါတယ်။

တလစာထက် မပိုသောနှုန်းဟု ဆိုရာတွင် တလခထက် လျှော့ပြီး မကောက်ရဟု သတ်မှတ်ချက် မပါရှိပါ။

သို့ ဖြစ်ပါ၍ တနှစ် ၁၃ လစာ လခပေးနေမှုအား ပြန်လည်စီစစ်ပေးပါရန် တင်ပြအပ်ပါတယ်။

ပေးပို့ သူ ခင်မောင်မြင့်  ဟင်္သာတ 
blog.irrawaddy.org/2012/08/blog-post_360.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif