အိန္ဒိယနိုင်ငံ နယူးဒေလီကို တပတ်ကြာ ချစ်ကြည်ရေးခရီးရောက်နေတဲ့ ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သြဂုတ်လ ၃ ရက်နေ့တုန်းက အိန္ဒိယသမတ၊ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး၊ အိန္ဒိယရေတပ်ဦးစီး တို့နဲ့ တွေ့ဆုံခဲ့တဲ့ ပုံရိပ်တွေပါ။
~ အိန္ဒိယ သမတသစ် ပရာနတ် မူခါဂျီနဲ့ ကာချုပ် မင်းအောင်လှိုင် ~
~ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး အေကေ အန်ထော်နီနဲ့ ကာချုပ် မင်းအောင်လှိုင် ~
အိန္ဒိယ သတင်းစာတွေကတော့ ကာချုပ် မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ဟာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ စစ်ရေးအရ ဆက်ဆံမှု ခိုင်မြဲဖို့ လာရောက်တဲ့ ခရီးစဉ်ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
အိန္ဒိယသမတ၊ ကာကွယ်ရေးဆိုင်ရာ ထိပ်သီးအရာရှိတွေနဲ့ တွေ့ချိန်မှာ ဘာတွေဆွေးနွေးပြောဆိုကြတယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
blog.irrawaddy.org/2012/08/blog-post_8013.html
0 comments:
Post a Comment