http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Aug 2012

အစိုးရအဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုစာရင်း သမ္မတဆီပို့ရပြီ


သမ္မတ ဦးသိန်းစိန် ၊ ဓာတ်ပုံ - သမ္မတရုံး ၀က်ဆိုက်
အစိုးရအဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုနဲ့ အကျိုးစီးပွား ထုတ်ဖော်ရေး အဆိုဟာ လွှတ်တော်မှာ အရေးနိမ့်ခဲ့သော် လည်း အစိုးရ ၀န်ကြီးများ၊ တရားသူကြီးချုပ်တွေနဲ့ အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေရဲ့ ပိုင်ဆိုင်မှုများ အားလုံးကို စာရင်းပြုစု ပြီး သမ္မတဦးသိန်းစိန်ထံကို လျှို့ဝှက် ချိတ်ပိတ် တင်ပြရတယ်လို့ သတင်းရပါတယ်။

“သြဂုတ်လ ၂၀ ရက်နေ့မှာ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဦးမြင့်ဆွေ၊ တိုင်းဝန်ကြီးတွေ၊ တိုင်းတရားသူကြီးချုပ်၊ ဥပဒေချုပ်၊ တိုင်း တရားသူကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေ အားလုံး ကို သမ္မတရုံးဆီ တင်လိုက်ပါပြီ။ အစိုးရအဖွဲ့ဝင် အားလုံးရဲ့ ပိုင်ဆိုင်မှု တွေ ကို တင်ခိုင်း ထားတာပါ။ ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်/ တိုင်း အဆင့်တွေ အားလုံး သြဂုတ်လ ၂၀ ရက်နေ့ နောက်ဆုံးထား တင်ရတာပါ” လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုထားပါတယ်။

အစိုးရ တာဝန်ရှိသူတွေရဲ့ ပိုင်ဆိုင်မှုတွေ ကြေညာဖို့ အဆိုဟာ လွှတ်တော်မှာ အရေးနိမ့်သွားပေမယ့် သမ္မတ ဦးသိန်းစိန်က အခုလို လုပ်ဆောင်ကြိုးပမ်းမှုနဲ့ပတ်သက်ပြီး အပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်းစာမျက်နှာပေါ်က အောင်သက်ဝိုင်း ရေး သားတဲ့ ပိုင်ဆိုင်မှုစာရင်းများ သမ္မတထံ ချိတ်ပိတ် တင်ပြရ ဆိုတဲ့ သတင်းမှာ ဖတ်ရှုနိုင်ပါပြီ။ 
blog.irrawaddy.org/2012/08/blog-post_1097.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif