http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

15 Aug 2012

မြန်မာဘက်ကသွားသူတွေ ဘင်္ဂလားဒေ့ရှ်မှာ အဖမ်းခံရ



ဂူဂဲလ်မြေပုံမှာ တွေ့ရတဲ့ ဘူးသီးတောင်၊ မောင်တော၊ တက္ကနာ မြို့များ။ မြန်မာဘက်ခြမ်းက ရောက်လာသူတွေကို တက္ကနာမှာ ဖမ်းနေတယ်လို့ သိရပါတယ်။



မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း တရားမဝင် ၀င်ရောက် နေထိုင်တယ် ဆိုသူတွေကို ဖမ်းဆီးပြီး ဒုက္ခသည် စခန်း နဲ့ အကျဉ်းထောင်တွေကို ပို့နေတယ်လို့ ဒေသတွင်း သတင်းတွေ အရ သိရပါတယ်။

ကော့စ်ဘာဇာ သတင်းစာတစောင်ကလည်း အခုလ ၁၀ ရက်နေ့မှာ ကော့စ်ဘာဇာ ခရိုင်၊ ဧဂန်ဒေသမှာ ၁၃ ဦးကို နယ်မြေခံရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

၎င်းတို့ကို ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်း တရားမဝင်နေထိုင်မှု ပုဒ်မ ၁၃(၁)ဖြင့် တရားစွဲဆိုပြီး အကျဉ်းထောင် ပို့လိုက်ကြောင်း ဒေသခံတွေ အဆိုအရ သိရပါတယ်။

ဒီလ ၁၁ ရက်နေ့က မောင်တောနယ်စပ်ကနေ တက္ကနာကို ဝင်ရောက်လာတဲ့ ဘင်္ဂလီ ၂၈ ဦးကို မတူညီတဲ့ နေရာတွေကနေ မြန်မာဘက်ခြမ်းကို ပြန်ပို့ခဲ့တယ်လို့ တက္ကနာ အခြေစိုက် အမှတ် ၄၂ ဘီဂျီဘီ အရာရှိရဲ့ စကားကို ကိုးကားပြီး ယမန်နေ့ထုတ် ကော့စ်ဘာဇာ သတင်းစာတွေမှာ ဖေါ်ပြကြပါတယ်။

မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို တရားမဝင်လမ်းကြောင်းကနေ ထွက်ပြေးလာနေသူတွေ ပိုမိုများပြားလာနေတယ်၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်အာဏာပိုင်တွေက သူတို့ကို ဖမ်းဆီးပြီး ပြန်ပို့တာတွေကလည်း ပုံမှန် လိုလိုပဲ ဖြစ်နေသေးကြောင်း တက္ကနာ မြို့ခံတဦးကပြောပါတယ်။

“မနေ့ကဘဲ ဝါးခတ်ချောင်း BGB ဂိတ်မှာ မြန်မာဘက်က လာတဲ့ ဘင်္ဂါလီတွေကို တက္ကနာကနေ ကော့စ်ဘာဇာကို သွားတဲ့ ခရီးသည်ကားပေါ်တွေကနေ စစ်ဆေးပြီး ဆွဲနေတာတွေ့ခဲ့ရတယ်။ တက္ကနာကနေ ကော့စ်ဘာဇာ လမ်းတလျှောက် BGB ဂိတ်တိုင်းလိုလိုမှာလည်း မြန်မာပြည်သားပါလားဆိုပြီး စစ်ဆေးတယ်”လို့ တက္ကနာမြို့ခံ ရှင်းပြပါတယ်။ 
  blog.irrawaddy.org/2012/08/blog-post_1440.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif