http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

17 Oct 2012

ရွှေတြိဂံမှာ မြန်မာ ၁၂ ဦး ဖမ်းဆီးခံရ










ရွှေတြိဂံနယ်မြေလို့ လူသိများတဲ့ မြန်မာ၊ ထိုင်း၊ လာအို နိုင်ငံ ၃ ခု ထိစပ်တဲ့ နယ်မြေမှာ ယမန်နေ့    အောက်တိုဘာလ ၁၅ ရက်နေ့က သတင်းအရ ထိုင်းစစ်တပ်က ၄င်းတို့ပိုင် နယ်မြေ အတွင်း ရှောင်တခင် စစ်ဆေးမှု လုပ်ဆောင်ခဲ့ရာတရားမ၀င်လူခိုးသွင်းနေစဉ် လူ ၁၇ ဦးကို ဖမ်းဆီးလိုက်ပါတယ်။ 

ထိုင်းနယ်ခြားစောင့် စစ်တပ်က တရားမ၀င် လူခိုးသွင်းနေသည့် လှုပ်ရှားမှု တခုနဲ့ ဆက်စပ်ပြီး မြန်မာ ၁၂ နဲ့ လာအို ၅ ဦး စုစုပေါင်း ၁၇ ဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းနိုင်ငံ၊ မယ်ဆိုင် သတင်း(http://www.maesainews.com)  တခုမှာ ဆိုပါတယ်။

 သူတို့ကို အခုတော့ ထိုင်း ဥပဒေနဲ့ ဆက်လက် အရေးယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာ ၁၂ ဦးကတော့ ဘယ်သူ၊ ဘယ်အရပ်က ဆိုတဲ့ အသေစိပ် အချက်အလက်တွေကို ထိုင်းသတင်းတွေက   ဖော်ပြထားတာ မရှိပေမယ့် ပွဲစားက တဦးကတဆင့် အလုပ်ရုံ တခုကို ပို့ဖို့ ရှိတယ်ဆိုတာတော့   ဖော်ပြထားပါတယ်။  

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif