(ဓာတ်ပုံများ - manager.co.th) |
ဘန်ကောက်မြို့မှာ အလုပ်လုပ်ဖို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ကနေ တဆင့် သွားရောက်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၄၂ ယောက်ကို ဒီကနေ့ ဖမ်းမိတယ်လို့ သိရပါတယ်။
သူတို့ရဲ့ လှုပ်ရှားမှုကို သတင်းရတဲ့အတွက် ထိုင်းအာဏာပိုင် အင်အား ၂၀ လောက်က မဲဆောက်မြို့ပြင် တနေရာမှာ သွားရောက် ဖမ်းလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဖမ်းခံရတဲ့သူအထဲမှာ အမျိုးသားက ၃၃ ယောက် ပါဝင်ပြီးတော့ ၉ ဦးကတော့ အမျိုးသမီးတွေပါ၊ ထိုင်း အာဏာပိုင်တွေက သူတို့အားလုံးကို မကြာခင် နယ်စပ်ကနေ တဆင့် မြန်မာပြည်ဘက် ပြန်ပို့သွားမယ် လို့ ဆိုပါတယ်။
အဖမ်းခံရတဲ့သူတွေ အထဲက ၃၇ နှစ်အရွယ် မောင်အောင်ကျော် က “ကျနော်ကတော့ ဘန်ကောက်မှာ အလုပ် သွားလုပ်ဖို့ ပွဲစားနဲ့ အဆက်အသွယ် လုပ်ပြီးတော့ မြ၀တီမြို့နယ်ကေ န လာတာပါ၊ ပွဲစားကိုလည်း စရံငွေ ဘတ် တသောင်း ပေးထားပါတယ်” လို့  ပြောပါတယ်။
ကိုးကား - manager.co.th
0 comments:
Post a Comment