OIC ရုံးဖွင့်မယ့် အစီအစဉ်ကို ပခုက္ကူမြို့မှာ အခုလို ဆန္ဒပြခဲ့ကြပါတယ် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ) |
မြန်မာပြည်မှာ OIC ရုံးဖွင့်ခွင့် မပြုတော့ဘူးဆိုတဲ့ နေပြည်တော်ရဲ့ ဆုံးဖြတ်ချက်ကို OIC က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
ဖွင့်ဖို့ပြင်ထားတဲ့ရုံးက လူသားခြင်းစာနာမှုဆိုင်ရာ အထောက်အပံ့များကို စီမံခန့်ခွဲဖို့သက်သက်ဖြစ်တယ် ဆိုပြီး OIC လို့ ခေါ်တဲ့ အစ္စလာမ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (The Organization of Islamic Cooperation) က ဧရာဝတီကို မနေ့က ပြောပါတယ်။
"သဘောတူညီချက်ကိုတောင် ကျနော်တို့ လက်မှတ်ထိုးထားပြီးပြီ၊ မြန်မာအစိုးရက လူသားခြင်းစာနာမှုကို အလေးအနက်ထားပုံမရဘူး" လို့ မူဆလင် လူနည်းစုနှင့်အစုအဖွဲ့များဆိုင်ရာဌာန ညွှန်မှူး Talal Daous က ပြောပါတယ်။
ရန်ကုန်နဲ့ နယ်မြို့တွေမှာ OIC ရုံးဖွင့်ရေး အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြကြတဲ့အတွက် ရုံးဖွင့်ခွင့်မပြုတော့ဘူး ဆိုပြီး မြန်မာအစိုးရက ကြေညာလိုက်တာပါ။
မြန်မာအစိုးရရဲ့ တရားဝင်အကြောင်းကြားချက် မရရှိသေးဘူး လို့ ဆော်ဒီအခြေစိုက် OIC က ဆိုပါတယ်။
သတင်းအပြည့်အစုံကို http://www.irrawaddy.org/archives/16610 မှာ ဖတ်နိုင်ပါတယ်။
0 comments:
Post a Comment