http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

30 Oct 2012

Sandy ဟာရီကိန်း မွှေနှောက်တိုက်ခိုက်နေ



 Sandy ဟာရီကိန်းကို ဂြိုလ်တုမှမြင်ရပုံ၊ ဓာတ်ပုံများ- Hurricane Sandy 
အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့နဲ့ တ၀ိုက်ကို နာမည်ကျော် စန္ဒီ ( Sandy ) ဟာရီကိန်း မုန်းတိုင်းဟာ တနာရီကို မိုင် ၈၀ ကျော်နှုန်းနဲ့ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ အစောပိုင်းဟာ ဒီထက် လေတိုက်အားပြင်းထန်တယ်လို့ သိရပါတယ်။ 

လူဦးရေ သန်း ၆၀ ကျော်အတွက် စန္ဒီဟာရီကိန်း မုန်တိုင်းဒဏ် ခံရနိုင်တယ်လို့ ခန့်မှန်း ပြောဆိုထုတ်ပြန်ခဲ့ ပါတယ်။ 

စန္ဒီဟာရီကိန်း အဓိက ထိခိုက်မည့်နေရာကို ပြသထားပုံ

နယူးယောက်မြို့မှာလည်း မြန်မာတွေများစွာနေထိုင်ကြတာဖြစ်သလို လတ်တလော မြန်မာနိုင်ငံက စာရေးဆရာမ၊ နာရေး ကူညီမှု အသင်းက ဒေါ်သန်းမြင့်အောင်လည်း ရောက်နေပါတယ်။ စန္ဒီ ဟာရီကိန်း မုန်တိုင်းမြင်ကွင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။ 

 Atlantic City လည်း ရေအောက်မြို့ဖြစ်လုပြီ

 ငါးမန်းတွေလည်း အခုလို ရေကူးနေတာ တွေ့ရတယ်

 ကမ်းနားဘက်က အိမ်တွေလည်း အခုလို လှိုင်းလုံးတွေက ထိုးကြိတ်ရန်မှုနေတာကို အံတုနေရ
တိုက်တွေလည်း ဒီလိုပြိုကျနေတယ်
 သတိပေးချက်တွေ ပြသထားတဲ့ ဓာတ်ပုံ

 နယူးဂျာစီမှာလည်း လူပေါင်း ၃ သောင်းခွဲ ကျော် လေဘေးဒုက္ခသင့်ခဲ့တယ်လို့ အစိုးရ က ကြေညာထား တယ်
 ဆာဖာသမားလည်း ကျောက်တုံးကို မြဲမြဲကိုင်ပြီး အံတုနေရတယ်

 ရေထဲ၊ လေထဲ ဒီလို ဖြစ်နေကြတယ်။ တချို့နေရာတွေ လျှပ်စစ်မီးပျက်ကုန်ပြီ

 ကရိန်းတွေလည်း ပြတ်ကျိုးကုန်တယ်

 အရေးထဲ ဓာတ်ပုံရိုက်ကောင်းနေသေးတယ်


 ကမ်းနားလမ်းမကြီးမှာလည်း ရေတွေ လွှမ်းပြီး ကျော်ခွလာနေတယ်

စန္ဒီ ဟာရီကိန်း မုန်းတိုင်းကြားက အသက်ရှင်လွတ်မြောက်လာသူတွေပြောတာလည်း နားထောင်ကြည့် ရအောင်။
http://blog.irrawaddy.org/2012/10/sandy.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif