ငလျင်ဒဏ်သင့်ဒေသရောက် ဒေါက်တာ စိုင်းမောက်ခမ်း ( ဓာတ်ပုံ- ဧရာဝတီ)
ရွှေဘိုနဲ့ အနီးတ၀ိုက်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ မြေငလျင် ဒဏ်သင့်ဒေသ အရေးပေါ် ကယ်ဆယ်ရေး နဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ကြိုးပမ်း ဆောင်ရွက်နေတဲ့ အစီအမံဆိုင်ရာကို သမ္မတ ရုံး က ယမန်နေ့ညက အသိပေး ကြေညာလိုက်ပါတယ်။
မြေငလျင်ဒဏ်သင့်ခဲ့လို့ ပျက်ဆီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပြည်သူတွေအတွက် နိုင်ငံတော်အနေနဲ့ ၀မ်းနည်း ကြေကွဲ ရပါကြောင်းလည်း အဆိုပါ အသိပေးကြေညာချက်မှာ ဖော်ပြထားပါတယ်။
သမ္မတ ဦးသိန်းစိန်အနေနဲ့ မြေငလျင်သင့်ဒေသကို ကိုယ်တိုင် မသွားရောက်နိုင်တာကြောင့် ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကို စေလွှတ်ခဲ့ကြောင်းလည်း အသိပေးကြေညာမှုမှာ ပါဝင်ပါတယ်။
http://blog.irrawaddy.org/2012/11/blog-post_2701.html
0 comments:
Post a Comment