http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

25 Nov 2012

အာရှလင်းလက်ကြယ် မြန်မာဖြစ်လာမယ် ~ IMF




မြန်မာနိုင်ငံဟာ ကတိပြုထားတဲ့ ပြုပြင်ပြောင်းလဲရေးကို အခိုင်အမာဆက်လက် လုပ်ဆောင်ရင် အာရှ မှာ နောက်ထပ် လင်း လက်လာမယ့် ကြယ်တစင်းဖြစ်လာဖို့ ရှိတယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) က ပြောလိုက်ပါတယ်။ 

၂၀၁၃ ခုနှစ်မှာ ကြီးကြပ်ရေးအစီအစဉ် ရံပုံငွေ တခု မြန်မာဟာ ရရှိဖို့ နမိတ်ပြနေပြီး ပြုပြင်ပြောင်းလဲရေးကို နက်နက်ရှိုင်း ရှိုင်း ဖော်ဆောင်ရင်တော့ မြန်မာဟာ အာရှတိုက်မှာ နောက်ထပ်စီးပွားရေး မောင်းနှင်စွမ်းအင် တခု ဖြစ်လာနိုင်တယ်လို့ IMF က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

“အားကောင်းတဲ့ ပြုပြင်ပြောင်းလဲရေးကို သံန္တိဌာန်ချလုပ်ဆောင်မှုနဲ့ မြန်မာနိုင်ငံသားတွေရဲ့ လူနေမှုဘ၀ အဆင့်အတန်းက သိသိသာသာ တိုးတက်လာမယ့် အလားအလာတွေ ရှိပါတယ်။ ပြောရရင် အာရှ ရဲ့ နောက်ထပ် လင်းလက်ကြယ်တစင်း ပေါ်ထွက်လာမယ်ပေါ့်” လို့ IMF မြန်မာ မစ်ရှင် အကြီးအကဲ မစ္စ Meral Karasulu က ပြောပါတယ်။ 

IMF က လာမယ့်နှစ် မြန်မာကို ရံပုံငွေအစီအစဉ်တခု ပေးနိုင်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာတာဝန်ရှိသူတွေ နဲ့ ထောက်ပြဆွေးနွေး မှုတွေလုပ်ခဲ့ပါတယ်။ 

မြန်မာ မစ်ရှင် အကြီးအကဲ Karasulu ဟာ မြန်မာအစိုးရ ဘဏ္ဍာရေး ၀န်ကြီး၊ ဗဟိုဘဏ် ဥက္ကဌနဲ့ အခြား ထိပ်တန်း အစိုးရ တာဝန်ရှိသူတွေနဲ့ ရက်သတ္တပတ်ပေါင်းများစွာ ပြောဆိုဆွေးနွေးခဲ့ပါတယ်။ 

မစ္စ Karasulu က ပြောတာကတော့ ၂၀၁၁ ခုနှစ်မှာ စစ်အစိုးရအဖြစ်ကနေ ပြောင်းလဲကျော်လွှားခဲ့ပြီး ကတည်းက တိုင်း ပြည်မှာ ပြုပြင်ပြောင်းလဲရေးခြေလှမ်းကို မြန်မာအစိုးရက ခြေလှမ်းကျဲကျဲ အလျှင် အမြန် လျှောက်လှမ်းခဲ့တယ်လို့ ကမ္ဘာ တလွှား သြစတြေးလျ သတင်းဌာနကို မှတ်ချက်ပေး ပြောခဲ့ပါ တယ်။ 

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ လာမယ့်နှစ်မှာ ၆ ရာခိုင်နှုန်းကျော် တိုးတက်လာဖွယ်ရှိတယ်လို့လည်း IMF က ခန့်မှန်း ပြောဆိုခဲ့ပါတယ်။  

“ဘာပဲပြောပြော အစိုးရက ခရီးရှည်ကြီးဆက်လျှောက်ရမယ်ဆိုတာ အသိအမှတ်ပြုတာပဲ” လို့ သူက ဆိုပါတယ်။

မြန်မာဟာ ဆယ်စုနှစ်များစွာ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ စစ်အုပ်ချုပ်ရေး အောက်မှာ ကမ္ဘာပေါ်မှာ အထီးကျန် နေထိုင် လာခဲ့ရင်း အာရှတိုက်မှာ အဆင်းရဲဆုံးနိုင်ငံ တနိုင်ငံ ဖြစ်နေတာပါ။ 

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif