ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းမှာ ဒီနေ့ ပြုလုပ်တဲ့ (၂၀၁၁) ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်တဲ့အခမ်းအနားများ ရွှေပွဲလာ ပရိတ်သတ်တွေ စိတ်ဝင်စားကြတဲ့ထဲမှာ ဟောဒီ ကားကြီး ကလည်း ထိပ်ဆုံးကပါပဲ ...
ဒီကားကြီးဝင်လာတာနဲ့ သူတို့ချစ်တဲ့ အနုပညာရှင်တွေကို လိုက်ကြည့်၊ ဓာတ်ပုံလိုက်ရိုက်တာတွေကိုတောင ရပ်ပြီး ဒီကားကြီးနောက်ကိုပဲ လိုက်လို့ ဓာတ်ပုံရိုက်ကြပါတယ်။
တယောက်ကဆို ဟဲ့ လူကို မရိုက်ပဲ ကားကိုပဲ ရိုက်နေရသလားဆိုပြီး ကင်မရာကိုင်ထားတဲ့တယောက်ကို အော်လို့ အနီးအနားကလူတွေ ပွဲကျကြရပါသေးတယ်။
ဒီကားကြီးကတော့ ဝေဠုကျော် ရဲ့ အကယ်ဒမီပွဲတက် စီးတော်ယာဉ်ပါပဲ။
(ဓာတ်ပုံများ - ဇာနည်မာန်)
http://blog.irrawaddy.org/2012/12/blog-post_1449.html






Kuala Lumpur Time
0 comments:
Post a Comment