http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

3 Dec 2012

ဦးပိုင် လီမိတက်ဆိုတာ ဘာလဲ ?



 နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေက ရန်ကုန်မြို့ ဦးပိုင် လီမိတက်ရှေ့တွင် လက်ပံတောင်း သပိတ် အကြမ်းဖက် ဖြိုခွင်းမှုအတွက် ဆန္ဒပြပြီး တောင်းဆိုချက်များ ထုတ်ဖော်စဉ် (ဓာတ်ပုံ – ကောင်းညီဟန် / ဧရာဝတီ)

မြန်မာနိုင်ငံမှာ စီးပွားရေး လက်ဝါးကြီးအုပ်လုပ်ပြီး အခွင့်ထူးတွေနဲ့ မြန်မာ့သယံဇာတတွေ၊ စီးပွားရေး လုပ် ငန်း အများစုကြီးကို ဘယ်သူတွေနဲ့ ဘယ်လို လွှမ်းမိုးချုပ်ကိုင်ထားလဲ ဆိုတာ လူတိုင်း အသိပင်ဖြစ်ပေမယ့် ဘယ်လောက်ထိ ဘယ်လို လုပ်ဆောင်နေကြတယ်ဆိုတာ အသေးစိပ် သိဖို့ ခက်ခဲပါတယ်။



လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး သပိတ်စခန်းဖွင့်ကာ ဆန္ဒထုတ်ဖော်နေကြတဲ့ သံဃာတော်တွေနဲ့ ဒေသခံ ပြည်သူတွေကို နိုဝင်ဘာလ ၂၉ ရက်နေ့၌ အင်အားသုံး အကြမ်းဖက် ဆောင် ရွက်ခဲ့မှုတွင် မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်လည်း ပါဝင်ပတ်သက်နေပါတယ်။

ဘာကြောင့်လဲဆိုတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရုတ်နိုင်ငံမှ ၀မ်ပေါင်ကုမ္ပဏီနှင့် ဦးပိုင်လီမိတက်တို့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေခြင်းကြောင့် ဖြစ်လို့ပါဘဲ။ 

စစ်ဗိုလ်ချုပ်ကြီးတွေ ဦးစီးတဲ့ မြန်မာ့ စီးပွားရေး ဦးပိုင် လီမီတက် ဟာ ကြေးနီ စီမံကိန်းကြီး အပြင် မြန်မာ
နိုင်ငံ ရဲ့ အဓိကျတဲ့ စီးပွားရေးလုပ်ငန်း အများအပြားကိုလည်း ပိုင်ဆိုင်လုပ်ကိုင်လျက် ရှိနေပါတယ်။ 

မြန်မာ့ ဦးပိုင် စီမံကိန်းဆိုတာ စစ်တပ်အတွက် အရေးပါတဲ့ စီမံကိန်းဖြစ်ပြီး စစ်တပ်မှ အငြိမ်းစားယူထားကြ တဲ့ ရဲဘော် မိသားစုများအတွက် ဖြစ်ကြောင်းလည်း ကာကွယ်ရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင်က ပြီးခဲ့တဲ့ သီတင်းပတ် က ပြည်ထောင်စုလွှတ်တော်မှာ ဖြေဆို ခဲ့ပါသေးတယ်။ 

ဒါကြောင့် ဦးပိုင်ဆိုတာနဲ့ပတ်သက်ပြီး သိထားသင့်တာမို့ ခင်ဦးသာ ရေးသား တင်ပြထားတဲ့   ဦးပိုင် လီမိတက် ဘာလဲ ဆိုတဲ့ အကြောင်း ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ ဖော်ပြထားပါတယ်။ 

ဒီအပြင် ပြီးခဲ့တဲ့ သြဂုတ်လတုန်းက Peace and Development Center က စုစည်း တင်ပြထားတဲ့ ဦးပိုင် ရဲ့ နှစ်ပတ်လည် အစီရင်ခံစာကိုလည်း ဒီနေရာမှ တဆင့် သွားရောက်ကြည့်ရှု့လေ့လာနိုင်ပါတယ်။ 
ayarwaddy blogspot.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif