ထိန်းသိမ်းခံရတဲ့ဦးဂမ္ဘီရရဲ့ သတင်းတွေကို စောင့်ကြည့်နေတယ်လို့ ရန်ကုန် အမေရိကန်သံရုံးက သံရုံးတွစ်တာ စာမျက်နှာမှာ ရေးသားလိုက်ပါတယ်။
"ဥပဒေကြောင်းအရ လုပ်ဆောင်ရန်၊ ပွင့်လင်းမြင်သာမှုရှိရန် မြန်မာအစိုးရကို ကျွန်ုပ်တို့ တိုက်တွန်းသည်" လို့လည်း ရေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်း တွေ့ရတဲ့ ရေးသားချက်ပါ။
စနေနေ့က ဦးဂမ္ဘီရ အဖမ်းခံရတဲ့အကြောင်း နဲ့ သူ့ရဲ့ နောက်ခံ အချက်အလက်တွေကို
ဦးဂမ္ဘီရကို အစိုးရ ရုတ်တရက် ပြန်ဖမ်း ဆိုတဲ့ ဧရာဝတီသတင်းတပုဒ်မှာ ဖတ်နိုင်ပါတယ်။
သူ့အမည်ရင်းက ကိုညီညီလွင် ဖြစ်ပါတယ်။ ဦးဂမ္ဘီရ ဆိုတဲ့ အမည်ကိုတော့ ၂၀၀၇ သံဃာ့လှုပ်ရှားမှုမှာ ယူခဲ့တာ ဖြစ်ပါတယ်။
![]() |
| အမေရိကန်သံရုံး တွစ်တာ စာမျက်နှာက ရေးသားချက် |
အစိုးရက သူ့ကို နာမည်ကျော် အင်းစိန်ထောင် ပို့လိုက်ပြီ လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းသတင်းတွေ ထွက်ခဲ့ပါတယ်။
သို့သော်လည်း သူ့ကို ဘယ်မှာ ထိန်းသိမ်းထားတယ် ဆိုတာ မိသားစုက အာဏာပိုင်တို့ဆီမှာ စုံစမ်းပေမယ့် ပြီးခဲ့တဲ့အင်္ဂါနေ့အထိတော့ မသိရသေးဘူးလို့ VOA မြန်မာပိုင်း ရုပ်သံ အင်တာဗျူးတခုမှာ ဖော်ပြထားပါတယ်။






Kuala Lumpur Time


0 comments:
Post a Comment