http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

4 Jan 2013

အခက်ကြုံနေတဲ့ထိုင်းရောက် မြန်မာများကိုကူညီမှု




ထိုင်းနိုင်ငံ စုဖန်ဘူရီခရိုင်ရှိ နာနတ်သီးစက်ရုံ၌ အခက်ခဲနှင့် ကြုံတွေ့နေရသော မြန်မာရွှေ့ပြောင်း အလုပ်သမား၂၅၀ ကို ဇန်န၀ါရီလ ၃ ရက်နေ့က ကူညီကယ်ဆယ်ရေး ဆရာတော် ဦးဇောတိက က ကူညီမှုတစ်ခု ပြုလုပ်ခဲ့သည်။ 

ထို ၂၅၀ အလုပ်သမားများမှာ လွန်ခဲ့သော ၄ လခန့်က မြဝတီမှ အလုပ်သမား ပါ့စ်စပို့လုပ်ပြီး တက် လာခဲ့ကြသူများ ဖြစ်သည်။ 

၎င်းအလုပ်သမားများသည် သူဌေး ၃ ဦးစပ်ဖြင့် ဖွင့်လှစ်ထားသော စက်ရုံတွင် အလုပ်လုပ်ကိုင်နေကြသည်။ ပိုင်ရှင် ထိုင်းသူဌေး ၃ ဦးတွင် ပိုက်ဆံရှိသော သူဌေး ၁ ဦး နှုတ်ထွက်သွားသဖြင့် ကျန်ပိုင်ရှင်၂ ဦးက အလုပ်သမား များအား ငွေကြေးလုပ်ခ မပေးနိုင်သဖြင့် အခက်ခဲဖြစ်နေကြသည်။ 

၎င်းကိစ္စကို စက်ရုံရှိ မြန်မာမန်နေဂျာမှ ရက်၂၀ ခန့် ငွေကြေးစိုက်ထုတ် ကူညီထားသည်။ ရက်ရှည်ကြာ လာသော အခါ ပြည့်စုံအောင် မကူညီနိုင်တော့သဖြင့် ကူညီကယ်ဆယ်ရေးဆရာတော်ကို ဆက်သွယ် လာခြင်းဖြစ်သည်။ 

မြန်မာအလုပ်သမားများကို ကူညီရေးနှင့်ကယ်ဆယ်ရေးဆောင်ရွက်ပေးနေသော ဘန်ကောက်ရှိ ဆရာတော် ဦးဇောတိကမှ ယမန်နေ့က  ဆန် ၅ အိတ်နှင့် ဆီ ပိဿာချိန် ၄၀ ကို လှူဒါန်းကူညီခဲ့သည်။

ဆရာတော် ဦးဇောတိက (ကူညီကယ်ဆယ်ရေးဆရာတော်) သည် မြန်မာ အလုပ်သမားများ အခက်အခဲ ကြုံတွေ့ရသည်ကို ကြားသိရတိုင်း ကိုယ်တိုင်ကြွရောက်ကူညီပေးလျှက်ရှိသည်။ 

ထိုင်းနိုင်ငံအတွင်းရှိ အခက်ခဲနှင့်ကြုံတွေ့ရသော မည်သည့် မြန်မာနိုင်ငံသားမဆို ဆရာတော်ထံ ဆက်သွယ် ကူညီ တောင်းခံနိုင်ကြောင်း သိရသည်။ 

ဆရာတော်၏ ဖုန်း နံပါတ်မှာ -၀၈၂၄၉၅၆၂၈၉ ဖြစ်သည်။ ဆရာတော်သည် မြန်မာသံရုံး အလုပ်သမားရေး အကူအညီပေးရေး အဖွဲ့တွင်လည်း နာယက ဆရာတော်ဖြစ်သည်။ 


 
http://blog.irrawaddy.org/2013/01/blog-post_4082.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif