http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

14 Jan 2013

ငြိမ်းချမ်းရေးအတွက် ပွင့်လင်းကြပါစို့ 



 
 ပြင်းထန်လာနေသော စစ်ပွဲများကြောင့် ကချင်စစ်ပြေးဒုက္ခသည်များ ပိုမိုထိတ်လန့်နေကြသည် (ဓာတ်ပုံ- ဧရာဝတီ)
ခိုင်အောင်ကျော် ( နယူးယောက် ) ~ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်-နေပြည်တော်က ရက်စွဲ-၂၀၁၃-ခုနှစ် -ဇန်န၀ါရီလ-၁၁-ရက် 
နေ့ စွဲဖြင့် ပြည်သူ့ လွှတ်တော်မှ တိုက်တွန်းချက်ထုတ်ပြန်သည် ။ 

ပထမအချက်တွင် စစ်ဘေးဒဏ်ခံစားနေရသော ပြည်သူပြည်သူများအတွက်လည်းကောင်း ၊ နှစ်ဖက်  ထိခိုက်ဆုံးရှုံးများအတွက်လည်းကောင်း အချိန်နှင့်အမျှ စိတ်မချမ်းမြေ့ဖွယ်ရာကိစ္စရပ်များ အဖြစ် လည်းကောင်း တွေ့ မြင်ခံစားရပါသည်ဟု ဖေါ်ပြထားသည်ကို တွေ့ ရသည် ။ 

ဤအချက်မှာ ပကတိအမှန်တရားကို ထုတ်ဖေါ်ထားသည်မို့  လက်မခံ၍မရ ။ ဒုတိယအချက်မှာ ယနေ့  ကာလ သည် မိမိတို့ လိုလားချက်များကို လက်နက်ကိုင်တောင်းဆိုရမည့် ကာလမဟုတ်သကဲ့ သို့  လက်နက်ကိုင် ပယ်ချရမည့် ကာလလည်း မဟုတ်တော့ပါ ။

တွေ့ ဆုံညှိနိုင်းရေးဆိုသော လုပ်ငန်းဟန်မရှိဘဲ မည်သည့်နည်းနှင့်မျှ ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ဖေါ်ပြ ထားသည် ။ 

သို့ သော် ပကတိအခြေအနေတွင် ဒေသတွင်း စစ်ရေးတင်းမာမှုအခြေအနေအရပ်ရပ်ကြောင့် နိုင်ငံတော် အစိုးရငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ နှင့် -KIO/KIA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ မှ ကိုယ်စားလှယ် များ မျက်နာချင်းဆိုင် တွေ့ ဆုံဆွေးရေးအတွက် ခက်ခဲမှုများစွာ ရှိရကြောင်း သိရှိရသည်ဟု သုံးသပ်ထား သည်မှာ မှားယွင်းနေပါသည် ။ 

စစ်ရေးအခြေအနေ အရပ်ရပ်တင်းမာမှုသည် မြန်မာ့ တပ်မတော်နှင့် ကေအိုင်အိုလက်နက်ကိုင်တို့ ကြောင့် သာ စစ်ရေးတင်းမာနေခြင်းဖြစ်သည် ။ ထို့ ကြောင့် ၄င်းတို့ နှစ်ဖက်ကသာ ရှေးဦးစွာ အပစ်အခတ် ရပ်စဲရေး ကို ချက်ချင်းဆောင်ရွက်ရန်လိုသည် ။ 

တမိနစ်အပစ်ရပ်စဲလျှင် တမိနစ်မျှ နှစ်ဖက်စစ်သားတွေ သေဆုံးမှုနုံး နည်းပါးမည်ဖြစ်သည် ။ တမိနစ်စာမျှ အသက်ပိုရှည်ကြမည် ။ တမိနစ်ခန့် မျှ ကချင်ပြည်နယ် ငြိမ်းချမ်းလိမ့်မည်ဖြစ်သည် ။ 

တတိယအချက်မှာ -Electronic Onlie - ဆွေးနွေးကြပါရန် ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ နှင့် ကေအိုင်အိုခေါင်းဆောင်တို့ အား တိုက်တွန်းထားသည်ကို တွေ့ ရသည် ။ ကျည်ဆံတွေကြားက အသက်လုပွဲဖြစ်နေချိန်မှာ အွန်လိုင်းကတဆင့် စကားတွေ ပြောကြဖို့ ကို တိုက်တွန်းချက်ထုတ်ပြန်သည်မှာ အဓိကဖြစ်နေသည်ကို တွေ့ ရသည် ။ 

စင်စစ်အားဖြင့် ယခုပြသနာသည် အွန်လိုင်းမှ တဆင့် တယ်လီကွန်ဖရင့်လုပ်ရုံနှင့် ပြီးမြောက် နိုင် 
သော ပြဿနာ မဟုတ်လောက်နိုင် ။ 

အွန်လိုင်းမှာ ပြောနေချိန် သေနတ်သံတွေ ဟိန်းထွက်နေ သည်ကို ပြည်သူတွေ ကြားနေရမြင်နေ ရတော့ မည်သို့ မျှ အဓိပ္ပါယ်မရှိ ။ ကေအိုင်အိုခေါင်းဆောင်တို့ အနေဖြင့် မျက်နာချင်း ဆိုင် ဖြေရှင်းလိုမည့် နိုင်ငံရေး ပဋိပက္ခကို အစိုးရမှ လေးစားလိုက်နာပေးရန် လိုသည် ။ 

ကျွန်တော့်အနေဖြင့် ပြောရလျှင် နိုင်ငံတကာက ပြုလုပ်ခဲ့ သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရှိခဲ့ ကြသည် ။ တမီးကျားသူပုန်ကိစ္စ ၊ ပါလက်စတိုင်းနှင့် အစ္စရေးကိစ္စ စသည်တို့ တွင် နော်ဝေးနိုင်ငံတို့ က ကြားဝင် 
စေ့စပ်ဖြန်ဖြေပေးခဲ့ သော ဥပမာများ ရှိခဲ့ ကြသည် ။ 

ယင်းသို့  ပြုလုပ်ချိန် အပစ်အခပ်ရပ်စဲထားတတ်ပါသည် ။ ယခုလည်း မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ နှင့် ကေအိုင်အိုခေါင်းဆောင်တို့ ကို ငြိမ်းချမ်းရေးအတွက် စစ်မှန်သောတွေ့ ဆုံ ညှိနိုင်း မှုများ ပြုလုပ်နိုင်ရန် တတိယနိုင်ငံတခုခုကို ရွေးချယ်လိုကြသည်ဟု သမ္မတအကြံပေး ဦးလှမောင်ရွှေ ၏ ပြောဆိုချက်တခုကို တွေ့ ရသည် ။ 

၎င်းအကြံအစည်မှာ ကောင်းသောအချက်အလက်ဖြစ်၍ ၀မ်းပမ်းတသာကြိုဆိုရမည်ဖြစ်သည် ။ မြန်မာ အစိုးရနှင့် အမေရိကပြည်ထောင်စုသည် ယခုအချိန်တွင် နှစ်နိုင်ငံ ရွှေလမ်းငွေလမ်း ဖေါက်ထားပြီးသော နိုင်ငံဖြစ်နေပြီ ။ 

အကယ်၍ မြန်မာအစိုးရနှင့် ကေအိုင်အိုလက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တို့ က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ မှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ ဆုံညှိနိုင်း ဆွေးနွေးပွဲ ပြုလုပ်မည်ဆိုလျှင် အကောင်းဆုံးဖြစ်မည်ဟု ထင်မြင်ယူဆသည် ။ 

စင်စစ်အားဖြင့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် အပစ်အခတ်ကို ယာယီရပ်စဲထားရန်လိုသည် ။ သို့ မှသာ စစ်ရေးတင်းမာမှုကြောင့် ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး အဖွဲ့ နှင့် ကေအိုင်အိုခေါင်းဆောင် တို့  တွေ့  ဆုံဆွေးနွေးရေးမှာ လွန်စွာ အသက်ဝင်မည်ဖြစ်သည် ။ 

သို့ မဟုတ်က နယူးယောက်မြို့  မြေအောက်ရထားမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် ရထားစီး၍ သွားနေစဉ် နှစ်ဖက် စစ်ဗိုလ်တွေ တိုက်ပွဲမှာ ငြိမ်းချမ်းရေးအတွက် နိုင်ငံတာဝန်ထမ်းဆောင်ယင်း ကျ ဆုံးနေပြီ ၊ ကေအိုင်အိုမှ ဗိုလ်တယောက် ကျဆုံးနေပြီ ဆိုသော သတင်းတွေ ဖြစ်လာမည်ဆိုလျှင် ဘာမျှ အကျိုးဖြစ်ထွန်းမည်မဟုတ် ၊ ခေါင်းအေးအေးနှင့် ခေါင်းဆောင်တွေ က ငြိမ်းချမ်းရေး အတွက် ငြိမ်းချမ်း စွာ ဆွေးနွေးရအောင် ပြည်သူ့ လွှတ်တော်မှ အစိုးရတပ်မတော်နှင့် ကေအိုင်အိုလက်နက်ကိုင် အဖွဲ့ ကို အပစ်အခပ်ရပ်စဲပေးဖို့  မေတ္တာရပ်ခံချက် ထုတ်ပြန်ပေးရန် လိုနေပါသေးသည် ။ 

သို့ မဟုတ်က စစ်ရေးနှင့် အသာဖြင့် ပိုင်းပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်မည်ဆိုသော အမြင်မျိုးဖြစ် သွားလျှင် ရေရှည်မှာ ပြည်တွင်းစစ်မီးသည် မည်သည့်အခါမျှ ပြီးဆုံးမည်မထင်ရချေ ။ 

ယနေ့  အထိ ပြည် သူ့  အသံ ပြည်သူ့ ဆန္ဒများကို ထုတ်ဖေါ်နေကြရာ ဤစစ်ပွဲကိုရပ်တန့် ပေးရေး တောင်း ဆိုနေကြသည်မှာ ကမ္ဘာသို့ တိုင် ထွက်ပေါ်နေပြီဖြစ်သည် ။ 

ထို့ ကြောင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးအတွက် ချက်ချင်းအပစ်အခပ် ရပ်စဲ ၊ ချက်ချင်း ( နိုင်ငံရေး အရ ) တွေ့ ဆုံဆွေးနွေးရေး အကောင်အထည် ဖေါ်ဆောင်ရေးသည်သာ အဓိကဖြစ်နေသည် ။ 

တိတိကျကျ ပြောရလျှင် အမေရိကပြည်ထောင်စုရောက် မြန်မာ့တိုင်းရင်းသားလူမျိုးများစစ်စစ် အနေ 
ဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် နယူးယောက်မြို့ မှာ- ( New York Agreement ) ကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ နှင့် ကေအိုင်အိုခေါင်းဆောင်တို့ က လက်မှတ်ထိုးနိုင်ကြမည်ဆိုလျှင် ၀မ်းပမ်းတသာ ရှိကြမည်ဖြစ်ပါသည် ။  
http://blog.irrawaddy.org/2013/01/blog-post_7442.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif