http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

14 Jan 2013

အင်းလေးဟိုတယ်ဇုန်အရေး ပြည်နယ်ဝန်ကြီးနဲ့ အင်တာဗျူး






 
ရှမ်းပြည်နယ်မှာ ဖော်ဆောင်နေတဲ့  အင်းလေးဟိုတယ်ဇုန်အရေးနဲ့  ပတ်သက်ပြီး ရှမ်းပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။
 
မေး၊ ။ ဟိုတယ်ဇုန် တည်ဆောက်တဲ့  စီမံကိန်း နဲ့ ပတ်သက်ပြီး ဒေသတွင်းက ဆရာတော်နဲ့ သွားရောက်ညှိုနိုင်းတဲ့ အခြေအနေလေး ပြောပြပေးပါ။
ဖြေ။ ။ ကျွန်တော် အင်းလေးဟိုတယ်ဇုန် တည်ဆောက်မှု စီမံကိန်းမှာ ဘုန်းဘုန်းတွေရဲ့ ထင်းခြံတွေ ပါသွားတယ်ဆိုတာ ကြားသိခဲ့ရပါတယ်၊ အဲဒီတော့ ဘုန်းဘုန်းတို့ရဲ့ ထင်းခြံပါဝင်သွားမှုကို သွားရောက်ညှိုနိုင်းတာ မဟုတ်ပါဘူး၊ ဘုန်းဘုန်းတို့ရဲ့ မေတ္တာ ခံယူဖို့ သွားရောက်ခြင်းဖြစ်ပါတယ်။
မေး။    ။ ဟိုတယ်ဇုန်းက အင်းသူ ၊အင်းသားတွေအတွက် ဘယ်လိုအကျိုးသက်ရောက်မှု ရှိခဲသလဲ၊ ဘယ်လိုမျိုး ဆက်ဖြစ်လာနိုင်သလဲဗျ။

ဖြေ။             ။ ကျွန်တော် ပြည်နယ် လျှပ်စစ် ၀န်ကြီး တစ်ဦးအနေဖြင့် စဥင်္းစားကြည့်တာပေါ့လေ၊ ဖြစ်နိုင်ချေ အများအားဖြင့်တော့ အင်းလေးဒေသတစ်ခုလုံး စီးပွားရေး ကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်လာနိုင်မယ် ၊ 
မိုင်းသောက်ကနေ ဟိုတယ်ဇုန် သွားတဲ့ လမ်းကြောင်းတစ်ခုလုံးမှာရှိနေတဲ့ ရွာတွေ အားလုံး လည်း မီးရရှိရေးအတွက် ငွေအကုန်အကျသက်သာပြီး ၊ မီးလင်းနိုင်မှာဖြစ်တယ်၊
ပြီးတော့ ယခုရှိနေတဲ့ ကျောက်ကြမ်းလမ်းတွေကနေ ကတ္တရာလမ်းတွေဖြစ်လာမယ်၊ လမ်းပန်းဆက်သွ.ယ်ရေးကောင်းမွန်လာရင် ဒေသဖွံ့ဖြိုးရေးအတွက် ပိုမိုကောင်းမွန်နိုင်တယ်၊
  ဒေသခံ မိဘပြည်သူများဟာလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာနိုင်ပြီး အင်းလေးဒေသတစ်ခုလုံး ဗဟုသုတ ကြွယ်ဝပြီး အမြင်တွေနိုင်ငံတကာ ရဲ့ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကိုလည်း သိရှိနိုင်မှာဖြစ်တယ်၊
 ဒါကြောင့် မိဘပြည်သူတွေ စားဝတ်နေရေး ၊စီးပွားရေး ပွင့်လင်းလာစေရန် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

မေး။         ။ အင်းလေးဒေသကို ၀န်ကြီး ရောက်လာတဲ့  ရည်ရွယ်ချက်ကို ပြောပြပေးပါဦး။

ဖြေ။              ။ရည်ရွယ်ချက်က ကျွန်တော် အနေဖြင့် အမှန်တိုင်း ပြောရရင် အင်းလေးဒေသတွင်ရှိနေတဲ့ ဒေသခံမိဘ ပြည်သူတွေ တစ်ရပ်လုံး ကို သံယောဇဉ်ရှိတာရယ်၊ 
အင်းလေးဒေသမှာရှိတဲ့ ဆရာတော်ကြီးများ ဟာလည်း ကျွန်တော် ကိုးကွယ်ဆည်းကပ်နေတဲ့ ဆရာတော်ကြီးများဖြစ်ကြပါတယ်၊ 
အင်းလေး ဟိုတယ်ဇုန် စီမံကိန်းဆောက်လုပ်ဖြင်း အားဖြင့် အင်းလေးဒေသ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြား ဧည့်သည်များအနေဖြင့်လည်း တည်းခိုဖို့ အခန်းမလုံလောက်မှု အခက်အခဲတွေ ကင်းဝေးနိုင်မှာဖြစ်ပြီး  ၊
အင်းလေးဒေသ ပြည်သူတွေ စိတ်ချမ်းသာဖို့ ရယ်၊ စီးပွားရေး အလုပ်အကိုင် အခွင့် အလမ်းတွေ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ၊ ဆက်သွယ်မှု၊ကုန်စည်စီးဆင်းမှုကောင်းမွန်လာစေရန် ဖြစ်ပေါ်လာနိုင်ပုံတွေအကြောင်း သိရှိစေရန် ရည်ရွယ်ြ့ပီး လာရောက်ရခြင်း ဖြစ်ပါတယ်။


ဟုတ် ... အခုလို အချိန်ပေးပြီး ဖြေကြားပေးသည့်အတွက် ကျေးဇူးတင်ပါတယ်။

                                                                          ဂျွန်ချစ်ငြိမ်း(တောင်ကြီး)    
http://blog.irrawaddy.org/2013/01/blog-post_2372.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif