http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

20 Jan 2013

အငြိမ်းစားဗိုလ်ချုပ်မှူးကြီး နိုင်ငံရေးမှာစိတ်ဝင်စားဆဲ



အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေဟာ နိုင်ငံရေးမှာ စိတ်ဝင်စားနေဆဲဖြစ်ပြီး လက်ရှိ နိုင်ငံရေး အခြေ အနေတွေကို မျက်ကွယ်ပြုမထားဘူးလို့ ဦးသန်းရွှေထံ အခါအားလျော်စွာ သွားရောက် လည်ပတ်လေ့ ရှိတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပြောဆိုလိုက်ပါ တယ်။ 


ဦးသန်းရွှေဟာ နေအိမ်တွင် ကျန်းမာရေး ကောင်းမွန်စွာဖြင့် အေးအေးချမ်းချမ်း နေထိုင်လျက်ရှိပြီး အစိုးရ
နှင့် တပ်ကို နောက်ကွယ်မှ ကြိုးကိုင်နေသည်ဆိုသော ပြောဆိုချက်များမှာ မဟုတ်မှန်ကြောင်း၊ သို့သော် လည်း နိုင်ငံရေးတွင် စိတ်ဝင်စားဆဲဖြစ်ပြီး သူ တည်ထောင် အုတ်မြစ်ချပေးခဲ့သော စနစ်နှင့် နိုင်ငံရေး အခြေအနေကို မျက်ကွယ်ပြုမထားဘူးဆိုတဲ့အကြောင်း ဧရာဝတီသတင်းဌာနနဲ့ ဇန်န၀ါရီလ ၁၆ ရက်နေ့က သီးသန့်တွေ့ဆုံစဉ် ဦးဌေးဦးက ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ 



“နိုင်ငံရေးမှာ စိတ်ဝင်စားမှု ရှိတာပေါ့။ နိုင်ငံနဲ့ ပတ်သက်လို့တော့ဗျာ နိုင်ငံ့ခေါင်းဆောင် လုပ်ခဲ့တာပဲ။ သူ အခြေတည်ခဲ့တဲ့ စနစ်ပဲ အောင်မြင်စေချင်မှာပေါ့။ ဒါကတော့ ကျိန်းသေပါတယ်။ မအောင်မြင်စေချင်ဘူး၊ မျက်နှာလွှဲ ခဲပစ် ထားခဲ့တယ် ဆိုတာလည်း မဟုတ်ပါဘူး။ ဗိုလ်ချုပ်မှူးကြီး နေကောင်းပါတယ်။ ကျနော် အခါအားလျော်စွာ ရောက်ပါတယ်။ သို့သော်လည်းပဲ အမြဲတမ်း ပုံမှန်တော့ မဟုတ်ပါဘူး။ သူလည်း တကယ့်ကို အေးအေးချမ်းချမ်းပါပဲ။ နောက်ကွယ်ကနေ ဘာလုပ်ညာလုပ်တယ် ဆိုတာလည်း မဟုတ်ပါဘူး၊ တချို့ကိစ္စတွေလည်း။ ဆိုလိုတာက ကျနော်တို့က ပါတီဆိုတာက ပြည်သူနဲ့ ပတ်သက်တာ ကိုး။ ပြည်သူရဲ့ သဘောထားတွေ ဘယ်လိုရှိသလဲ ဆိုတာမျိုးတော့ ကျနော်တို့ ဆွေးနွေးပါတယ်။ အစိုးရနဲ့ပတ်သက်လို့ ဆိုရင်တော့ ကျနော့်ကို ဘယ်ဆွေးနွေးမလဲ။ အစိုးရကို တိုက်ရိုက်ပြောမှာပေါ့” ဟု ဦးဌေးဦးက ပြောဆိုပါ တယ်။ 



ဒီအကြောင်း သတင်းအပြည့်အစုံကိုလည်း ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ သာလွန်ဇောင်းထက် 
ရေးသားတင်းပြတဲ့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ လက်ရှိနိုင်ငံရေး အခြေအနေကို မျက်ကွယ်မပြုဆိုတဲ့ သတင်းမှာ အပြည့်အစုံဖတ်နိုင်ပါပြီ။ 



ဦးဌေးဦးနဲ့ ဧရာဝတီ သီးသန့်မေးမြန်းခန်းမှာ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ပတ်သက်လို့ ဦးဌေးဦး ဘာတွေ ပြောသွားလဲ ဆိုတာကို အောက်မှာဖော်ပြထားတဲ့ ရုပ်သံမှာ ကြည့်ရှု့နိုင်ပါတယ်။ 


 

http://blog.irrawaddy.org/2013/01/blog-post_511.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif